Shuri castle ပြန်လည်တည်ဆောက်ရေးအတွက်ဂျပန်အစိုးရအတည်ပြု
ဒီဇင်ဘာလ ၁၁ ရက် ၊ ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အတွင်းဝန်ချုပ် Yoshihide Suga နဲ့ Okinawa ခရိုင်ဝန်ကြီး Seiichi Eto တို့ပါဝင်တဲ့ အစိုးရဝန်ကြီးများ အစည်းအဝေးပွဲမှာ အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

ယခု မီးလောင်ပျက်စီးသွားတဲ့ castle ဟာဆိုရင် ၁၉၄၅ခုနှစ် တွင် Okinawa တိုက်ပွဲကြောင့် ပျက်စီးခဲ့တဲ့ castle ကို ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလမှာ တည်ဆောက်မှုပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
ယခုတခေါက် ပြန်လည်တည်ဆောက်ရာတွင်လည်း ယခင်အဆောက်အဦးရဲ့ ဒီဇိုင်းကို အခြေခံပြီး တည်ဆောက်သွားရန်အစိုးရအဖွဲ့ဝင်များက သဘောတူခဲ့ကြပါတယ်။ ထို့အပြင် မီးလောင်ဒဏ်မှကာကွယ်နိုင်သော fire prevention ကိရိယာများလည်း တပ်ဆင်သွားမည်ဖြစ်ပြီး တိုင်ပုံစံ၊ဒီဇိုင်းကအစ အသေးစိတ်အထိ ခေတ်နှင့်အညီ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေဟာ Okinawa ခရိုင်ရဲ့ အစိုးရရုံးအခြေစိုက်တဲ့နေရာဖြစ်တဲ့ Naha မြို့ ရှိ အစိုးရအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး Shuri castle ရဲ့ techanical problems တွေကို လေ့လာဆန်းစစ်သွားမည်ဖြစ်ပါတယ်။
အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Suga က ဝန်ကြီးများအား Shuri castle ပြန်လည်တည်ဆောက်မှုတွင် ဘဏ္ဍာရေးအပိုင်းကိုလည်း သက်မှတ်ထားသည့်အတိုင်းအတာတွင်သာအသုံးပြုရန် ၊ Okinawa ခရိုင်အတွင်းလိုအပ်သည့်အချားသောကိစ္စရပ်များနှင့် Tourism promotion အတွက်လည်း ဝိုင်းဝန်းကူညီပေးကြရန် ပြောကြားခဲ့ပါတယ်။