ဂျပန်နိုင်ငံတစ်ဝန်းမှာ နှာခေါင်းနဲ့ ပါးစပ်စည်းတွေကို လာမယ့် သီတင်းပတ်မှာ ဖြန့်ဝေမယ်

ဂျပန်နိုင်ငံတစ်ဝန်းမှာ တောက်လျှောက် နှာခေါင်းနဲ့ ပါးစပ်စည်းတွေ ပြတ်လပ်နေမှုကို ကိုင်တွယ်ဖို့အတွက် ပြန်လည်အသုံးပြုလို့ရတဲ့ အဝတ်နဲ့ပြုလုပ်ထားတဲ့ နှာခေါင်းနဲ့ ပါးစပ်စည်းတွေကို နိုင်ငံတွင်းရှိ အိမ်ထောင်စုတွေ အားလုံးကို လာမယ့်သီတင်းပတ်မှာ စာတိုက်ကနေတစ်ဆင့် ဂျပန်အစိုးရက စတင် ဖြန့်ဝေပေးမယ်လို့ သိရပါတယ်။

နှာခေါင်းနဲ့ ပါးစပ်စည်းတွေ ကို လာမယ့်သီတင်းပတ်မှာ နေအိမ်များအား ဖြန့်ဝေသွားဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက် မြင့်နေတဲ့ တိုကျိုက အိမ်ထောင်စုတွေနဲ့ တခြား မြို့ပြနေရာတွေကို ပထမဆုံး ရရှိအောင် ပို့ပေးမှာ ဖြစ်ပါတယ်။ တစ်အိမ်ကို အဝတ် နှာခေါင်းစည်း ၂ ခု စီနဲ့ အိမ်ထောင်စု စုစုပေါင်း ၅၈.၅ သန်း တို့ဟာ ရရှိကြမှာ ဖြစ်ပါတယ်။ အခုဆိုရင် ပစ္စည်းတွေကို စတင်ဖြန့်ဝေဖို့ လုပ်ဆောင်နေပြီဖြစ်ပြီး လျှော်ပုံလျှော်နည်းကို ရှင်းပြထားတဲ့ စာရွက်တစ်ခုကိုလည်း ထည့်ပေးထားမှာ ဖြစ်ပါတယ်။ ဒီနှာခေါင်းစည်းဖြန့်ဝေဖို့အတွက် စုစုပေါင်းကုန်ကျစရိတ်ဟာ စာတိုက်က ပို့ခ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၄၃၀ ကုန်ကျမှာ ဖြစ်ပါတယ်။ အဲဒီကုန်ကျငွေထဲက တစ်ဝက်ကို အရန် ရန်ပုံငွေထဲက အသုံးပြုမှာ ဖြစ်ပြီး ကျန်တဲ့ တစ်ဝက်ကိုတော့ ၂၀၂၀ ဘဏ္ဍာရေးနှစ်ရဲ့ ထပ်ဆောင်း ဘတ်ဂျက်ထဲက သုံးစွဲဖို့ ရည်မှန်းထား ပါတယ်။
ထပ်ဆောင်း ဘတ်ဂျက် ကျပြီးနောက်မှာ စောင့်ရှောက်ရေးဂေဟာတွေမှာ ရှိတဲ့သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆီကိုလည်း နှာခေါင်းစည်း ပေါင်း သန်း၁၃၀ ပေးဝေဖို့ကိုလည်း ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်