၁၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဂျပန်နိုင်ငံ၏ မင်းသမီးတော်

December 19, 2019 at 8:48 AM

ယခု မင်းသမီး Aiko ဟာ Tokyo မှာရှိတဲ့ Gakushin Girl’s Senior High School မှာ တတိယနှစ်ကို တက်ရောက်နေတာဖြစ်ပြီး နောက်နှစ် နွေဦးမှာတော့ တက္ကသိုလ် တက်ရောက်မှာ ဖြစ်ပါတယ်။

Source: Nippon.com

ဘုရင့်အိမ်တော်ထိန်းတွေရဲ့ ပြောကြားချက်အရ မင်းသမီး Aiko ဟာ အထက်တန်းကျောင်းသူဘဝရဲ့ နောက်ဆုံးနှစ်ကို ပျော်ရွှင်စွာ တက်ရောက်နေပြီး အားကစားနဲ့ ယဉ်ကျေးမှုပွဲတော်တွေမှာလည်း တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားလျက် ရှိပါတယ်။ စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ အားကစားပွဲတော်မှာ မင်းသမီးတို့ basketball အသင်းက အနိုင်ရခဲ့ပြီး Junior နဲ့ Senior high school ခြောက်နှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အားကစားပွဲတွေထဲမှာ ပထမဦးဆုံး အောင်မြင်မှုပဲဖြစ်ပါတယ်။

မင်းသမီး Aiko ဟာ Basketball အသင်းရဲ့ ကိုယ်စားပြုအနေနဲ့ ဆုတံဆိပ်ကို လက်ခံရယူခဲ့ပါတယ်။

Tags: