ဂျပန့် အကြီးတန်း ဥပဒေရေးရာ အရာရှိ လောင်းကစား သတင်းကြောင့် နုတ်ထွက်

ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ကြားက ဂျပန်က ထိပ်တန်း ဥပဒေရေးရာ စုံစမ်းစစ်ဆေးရေးအရာရှိ တစ်ဦးဟာ လောင်းကြေးထပ် ကစားရတဲ့ မာဂျောင် ကစားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ရာထူးက နုတ်ထွက်တော့မယ်လို့ သိရပါတယ်။
တိုကျို အထက်တန်း ဥပဒေဦးစီးအရာရှိရုံးရဲ့ စုံစမ်းစစ်ဆေးရေး အကြီးအကဲ Kurokawa Hiromu ဟာ မေလ ၁ရက်နေ့နဲ့ ၁၃ရက်နေ့တွေမှာ သတင်းစာဆရာ တစ်ယောက်ရဲ့ တိုကျိုက နေအိမ်မှာ မာဂျောင်ကို လောင်းကြေးနဲ့ ကစားခဲ့တယ်လို့ အပတ်စဉ်ထုတ် Shukan Bunshun မဂ္ဂဇင်းက ရေးသားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးအရာရှိတွေရဲ့ ပင်စင်ယူမယ့် အသက်ကန့်သတ်ချက်ကို တိုးမြှင့်မယ့် ဥပဒေမူကြမ်း အတည်ပြုရေး လွှတ်တော်အမတ်တွေက အချေအတင် ဆွေးနွေးနေကြတာမို့ အဆိုးဆုံး အချိန်နဲ့ကိုက်ပြီး ဒီသတင်းထွက်ပေါ်လာတယ်လို့ ဥပဒေဦးစီးအရာရှိရုံးက တချို့လူတွေက ပြောပါတယ်။၊
ဇန်နဝါရီလမှာ အစိုးရက မစ္စတာ Kurokawa ဟာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်လို့ ဆိုပြီး ဥပဒေရဲ့ သမားရိုးကျ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြောင်းလဲပြင်ဆင်ကာ သူ့ရဲ့ ပင်စင်ယူတဲ့ အချိန်ကို ဆိုင်းငံ့ခဲ့ပါတယ်။ အဲဒီလို စုံစမ်းစစ်ဆေးရေး ဥပဒေ အရာရှိတစ်ဦးရဲ့ ပင်စင်ယူမယ့်ကာလကို တိုးလိုက်တာ ပထမဦးဆုံးဖြစ်ပါတယ်။
ဝန်ကြီးချုပ် Abe ရဲ့ ရုံးနဲ့ ရင်းနှီးတဲ့ မစ္စတာ Kurokawa ကို အစိုးရက ဥပဒေဦးစီးအရာရှိချုပ် ခန့်ချင်တာကြောင့် ဒီလို လုပ်ဆောင်တာ ဖြစ်တယ်ဆိုပြီး အတိုက်အခံ ပါတီတွေက အပြစ်တင် ဝေဖန်နေပါတယ်။
အစိုးရအဖွဲ့က လိုအပ်တယ်လို့ ဆုံးဖြတ်မယ်ဆိုရင် အကြီးတန်း ဥပဒေ ဦးစီးအရာရှိ တစ်ဦးတစ်ယောက်ကို ပိုပြီး အချိန်ကြာကြာ ရာထူးခန့်ထား နိုင်ခွင့်ပြုတဲ့ ပြဋ္ဌာန်းချက်တစ်ခုကိုလည်း အစိုးရက ဖြည့်စွက်ထားပါတယ်။ ဒီ အချက်ကြောင့် မစ္စတာ Kurokawa ရဲ့ ပင်စင်ယူမယ့် အချိန်ကို တရားမဝင်၊ မဆီလျော်စွာ နောက်ဆုတ်ခဲ့တာကို မှန်ကန်ကြောင်းပြဖို့ အစိုးရက ကြိုးစားနေတယ်လို့ စွပ်စွဲနေတဲ့ ရှေ့နေအုပ်စုတွေဆီက ရှုတ်ချဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။
Source – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်