အစိုးရရှေ့နေများအငြိမ်းစားယူရမဲ့သက်တမ်း ကို တိုးမြှင့် သွားမဲ့ Abe ရဲ့ အစီအစဉ် ဝေဖန်ခံရ

May 11, 2020 at 8:27 PM

ဝန်ကြီးချုပ် Shinzon Abe ရဲ့ အစိုးရ ရှေ့နေများအတွက် အငြိမ်းစားယူရမည့်သက်တမ်းအား တိုးမြှင့်ရေး အစီအစဉ်လုပ်ဆောင်ချက်ကို Corona Virus အကျပ်အတည်းကာလအတွင်း ဒီမိုကရေစီ မဆန်တဲ့ လုပ်ရပ်တစ်ခု လို့ နာမည်ကြီးအနုပညာရှင်တွေနဲ့ တခြားဝေဖန်သူတွေက လူမှုကွန်ရက်ပေါ်မှာ ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ဒီသက်တမ်းတိုးအစီအစဉ် မျိုးဟာ အုပ်ချုပ်ရေးယန္တရားထဲက အဓိကအရေးပါတဲ့ ရာထူးနေရာတွေကို စိတ်ကြိုက် ဆက်လက် ထိန်းသိမ်းခန့်အပ်ထားရှိနိုင်မှာဖြစ်တဲ့အပြင် အစိုးရရှေ့နေတွေရဲ့ လွတ်လပ်မှုကို ပါ ခြိမ်းခြောက်နိုင်ခြေရှိတယ်လို့ ဝေဖန်သူများက စိုးရိမ်ပူပန်လျက်ရှိပါတယ်။ ၂၀၂၀ ခုနှစ်မှာ ကျဆင်းလာတဲ့ ဝန်ကြီးချုပ် Abe အစိုးရအဖွဲ့ ကို ထောက်ခံမှုဟာ ၄၉ ရာခိုင်နှုန်းအဖြစ် ပမာဏ အနည်းငယ်ပြောင်းလဲခဲ့သော်လည်း Abe ရဲ့ လက်ရှိအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်း နဲ့ပတ်သက်ပြီး သဘောမကျတဲ့သူ ၅၅ ရာခိုင်နှုန်း ခန့်ရှိတယ်လို့ Nikkei Daily က ကောက်ခံခဲ့တဲ့ စစ်တမ်း ဖြေဆိုမှုအရ သိရပါတယ်။
ထိပ်တန်းအစိုးရရှေ့နေတွေက လွဲပြီး အစိုးရအဖွဲ့ခွင့်ပြုချက်နဲ့ ထပ်မံ ခန့်အပ်နိုင်ခြင်း အပြင် အစိုးရရှေ့နေတွေရဲ့ အငြိမ်းစား သက်တမ်းကို အသက် ၆၃ နှစ် ကနေ ၆၅ နှစ် အဖြစ် ပြောင်းလဲ တိုးမြှင့်သွားဖို့ ရှိမရှိ ကို လွှတ်တော်မှာ ဆွေးနွေးလျက်ရှိပါတယ်။ သက်ကြီးအရာရှိများရဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံဗဟုသုတတွေကို အပြည့်အဝ အသုံးချဖို့ ရည်ရွယ်ပြီး ဒီအစီအစဉ်ကို ရေးဆွဲခဲ့တယ်လို့ ဝေဖန်မှုများကို တုန့်ပြန်ပြီး Abe က ခုခံပြောဆိုခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ အသက် ၆၃ နှစ် ပြည့်ပြီးဖြစ်တဲ့ တိုကျိုအစိုးရရှေ့နေအကြီးအကဲ ကို ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် Abe တစ်ယောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။ လက်ရှိကပ်ရောဂါက ဂျပန်နိုင်ငံ စီးပွားရေးကို အကြီးအကျယ်ထိုးနှက်ခဲ့ပြီး ဂျပန်ဘဏ်လုပ်ငန်းရှင်များအကြား စီးပွားပျက်ကပ်ကဲ့သို့သော စီးပွားရေကျဆင်းမှု အစပျိုးမလို ဖြစ်လျက်ရှိပါတယ်။ မေလ ၁၁ ရက်နေ့မှာ တော့ Abe က နောက်ထပ် စီးပွားရေးကို နှိုးဆွပေးနိုင်မဲ့ စီမံချက်တွေကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
SOURCE – Japan Today