ဂျပန်နိုင်ငံရဲ့ အကြီးဆုံး Esports center တစ်ခုဖြစ်လာမယ့် လို့ပြော နိုင်တဲ့ “Redee world” Osaka တွင် ဖွင့်လှစ်ခဲ့

March 9, 2020 at 4:40 PM

ဖေဖာ်ဝါရီလ(၂၉)ရက် တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံရဲ့ အကြီးဆုံး Esports Facility ကို Osaka ခရိုင်၊ Suita မြို့ရှိ Expocity တွင် ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် လူဦးရေ (၂၀၀,၀၀၀)ခန့် အား ထို center သို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟုသိရပါတယ်။

Redee world ဟုအမည်ပေးထားတဲ့ ထို Esports facility ဟာဆိုရင် Osaka ခရိုင်ရဲ့အကြီးမားဆုံးဖြစ်တဲ့ Expocity Commercial Complex ထဲမှာတည်ရှိပြီး ၄,၈၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ ထို center ထဲတွင် အပြည်ပြည်ဆိုင်ရာ ဂိမ်းပြိုင်ပွဲများ ကျင်းပနိုင်ရန် နေရာ၊ professional ကစားသမားများအတွက် ဂိမ်းပွဲများကျင်းပနိုင်ရန် ၄၀၀မီတာခန့် ကျယ်ဝန်းပြီး ၈မီတာ မြင့်တဲ့ ကြီးမားလှတဲ့မျက်နှာပြင် Screen ၊ ဂိမ်းကစားရန်နေရာ၊ဂိမ်းနှင့်သက်ဆိုင်တဲ့ VR equipment များကိုလည်း ထားရှိသွားမှာ ဖြစ်ပြီး Streamer နှင့် Youtuber လုပ်ချင်သည့် ကလေးများအတွက်လည်း လေ့လာနိုင်ရန် Simulation system များလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Source : kyodonews

ထို Center ကိုတော့ Consulting firm ဖြစ်တဲ့ Redhorse Corporation ၊ ကြေငြာဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ Dentsu ကုမ္ပဏီ ၊ ဂိမ်းနှင့်သက်ဆိုင်တဲ့ဝန်ဆောင်မှုကုမ္ပဏီ Wellplay ကုမ္ပဏီနှင့် စျေးကွက်ဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီ Next Group Holdings တို့မှ ပူးပေါင်းဖွင့်လှစ်တာပဲ ဖြစ်ပြီးဝင်ကြေးအနေနဲ့ မူလတန်းနှင့် အလယ်တန်းကျောင်းသားများကတော့ တစ်ဦးလျှင် (၁၄)ဒေါ်လာ ဖြစ်ပြီး အထက်တန်းနှင့်လူငယ်များကတော့ တစ်ဦးလျှင် (၁၉)ဒေါ်လာခန့် ကျသင့်မှာဖြစ်ပါတယ်။

Source : kyodonews

ကလေးငယ်များကို Gaming နှင့်ပတ်သက်သည့် ကိုယ်ပိုင်အတွေ့အကြုံ ရရှိနိုင်စေသည့် အရာများဖန်တီးပေးခြင်းဖြင့် esports အကြောင်း လူများပို၍သိလာစေရန်၊ ပို၍ကျယ်ပြန့်လာစေရန် မျှော်လင့်ထားသည်ဟု ထို Center ၏ ဒါရိုက်တာဖြစ်သူ Fuminori Sato မှ ပြောကြားခဲ့ပါတယ်။