ဂျပန်နိုင်ငံရှိကုမ္ပဏီများမှ ဝန်ထမ်းသစ်များ ခေါ်ယူရန်အတွက် အင်တာဗျူးမေးမြန်းခြင်းများကို Online မှတစ်ဆင့်သာ ပြုလုပ်ခဲ့

၂၀၂၀ ခုနှစ် မတ်လတွင် ဘွဲ့ယူကြရမည့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်ကျောင်းသူ/သားများဟာ ယခုအချိန်မှစ၍ အလုပ်အကိုင်ကိုစတင် ရှာဖွေနေကြပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံတွင် လက်တလော Corona virus ကူးစက်ပြန့်ပွားနေမှုကြောင့် Job Fair များကို ကျင်းပခြင်းမရှိတော့ဘဲ အချို့ကုမ္ပဏီများက online မှတစ်ဆင့်သာ အလုပ်အကိုင်နှင့်ပတ်သက်တဲ့ Information များမျှဝေသွားခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။

Source : NHK

တိုကျိုမြို့ရှိခန်းမဆောင်တစ်ခုတွင် အလုပ်ခေါ်သည့်ကုမ္ပဏီတစ်ခုမှ ခန့်အပ်သွားမည့် အလုပ်ရာထူးများနှင့် အင်တာဗျူးမေးမြန်းစစ်ဆေးသွားမည့် Online seminar တစ်ခုကို Live အစီအစဉ်မှတဆင့်ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားတော်တော်များများကလည်း ထို Online seminar တွင်ဝင်ရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး လုပ်ငန်းခွင်နှင့်သက်ဆိုင်သောသတင်းအချက်အလက်များ၊ အလုပ်သမားများအား အခြားနေရာများသို့ ပြောင်းရွှေ့အလုပ်လုပ်ခိုင်းခြင်းရှိ၊မရှိနှင့် ခရီးထွက်ရန် ကိစ္စရှိလာပါက ခွင့်ယူဖို့ လွယ်၊မလွယ် အစရှိသဖြင့် မိမိတို့သိချင်လိုသည့် မေးခွန်းများကို Live chat မှတဆင့်မေးမြန်းခဲ့ကြပါတယ်။

ထို seminar ကိုစီစဉ်ခဲ့တဲ့ Mynavi Corporation မှ တည်းဖြတ်ဒါရိုက်တာ Makoto Takahashi က Online မှတစ်ဆင့် ပြောကြားတဲ့ သတင်းအချက်အလက်များကို လျို့ဝှက်ကန့်သတ်ထားမှာဖြစ်ပြီး ကျောင်းသူ၊သားများထံသို့လည်း ကုမ္ပဏီနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များကို တတ်နိုင်သမျှ မြန်မြန်နှင့် မကြာခဏဆိုသလိုမျှဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်