နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ်အကိုင်အကြံပေးမယ်

ကိုရိုနာဗိုင်းရပ်သစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့အလုပ်ရှင်တွေက နိုင်ငံခြားသားအလုပ်သမားတွေအပေါ် မမျှမတဆက်ဆံတာမျိုးကို ကာကွယ်တားဆီးဖို့ အကြံပေးမှုတွေကို အလုပ်အကိုင်ရှာဖွေရေးစင်တာတွေမှာ လုပ်ဆောင်မယ်လို့ ဂျပန်အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံခြားသားတွေအမြောက်အမြားနေထိုင်တဲ့ဧရိယာတွေက အလုပ်အကိုင်ရှာဖွေရေးစင်တာတွေမှာ အတိုင်ပင်ခံ ၄၀ ကို တာဝန်ပေးချထားဖို့ စီစဉ်ထားတယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီအတိုင်ပင်ခံတွေဟာ နိုင်ငံခြားသားအလုပ်သမား တွေဆီက တိုင်ကြားချက်တွေကို ကိုင်တွယ်ဆောင်ရွက်သွားပြီး အဲဒီအလုပ်သမားတွေရဲ့ အလုပ်ရှင်တွေကို အကြံပေးသွားမှာ ဖြစ်ပါတယ်။

အလုပ်ရှင်တွေက အလုပ်ကနေ နားဖို့ပြောလာတဲ့အခါ အလုပ်သမားတွေဟာ နိုင်ငံသားခွဲခြားမှုမရှိပဲ ခံစားခွင့်တွေကို ရယူနိုင် ပါတယ်။ ဒါပေမဲ့လည်း အဲဒီအခွင့်အရေးတွေကို သတိမပြုမိလို့ရှိရင် နိုင်ငံခြားသားအလုပ်သမားတွေဟာ ထိခိုက်နစ်နာမှုတွေကို ခံရဖွယ် ရှိပါတယ်။
အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်တွေကို အွန်လိုင်းကနေ တဆင့် အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ် အပါအဝင် ဘာသာစကား ၁၃ မျိုးနဲ့ လူသိရှင်ကြား ထုတ်ပြန်ကြေညာဖို့ အလုပ်သမားဝန်ကြီးဌာနဟာ စီစဉ်နေပါတယ်။ အဲဒီလို ဆောင်ရွက်ချက်တွေအတွက် ဒေါ်လာ ၃.၄ သန်းလောက်ကို ဝန်ကြီးဌာနက လျာထားပါတယ်။

SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်