ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယနှင့် တတိယလှိုင်းများအတွက် ပြင်ဆင်ဖို့ ဂျပန်ဝန်ကြီးချုပ် ပြောဆိုခဲ့ပြီးနောက် Kitakyushu မှာ ဒုတိယလှိုင်း စတင်ဖြစ်ပွာ

May 29, 2020 at 4:33 PM

အရေးပေါ် အခြေအနေ ကြေညာထားမှုကို ခရိုင် ၃၉ ခုမှာ ရုပ်သိမ်းလိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်‌ရေးအတွက် သတိကြီးကြီးထား ဆောင်ရွက်ချက်တွေကို ဆက်လက် လုပ်ဆောင်ကြဖို့ ဂျပန်ဝန်ကြီးချုပ် အာဘဲ ရှင်းဇိုး (Abe Shinzo) က မေလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော် မျက်နှာစုံညီ အစည်းအဝေးမှာ တိုက်တွန်းခဲ့ပြီးနောက် မေလ ၂၉ ရက်နေ့မှာ ဂျပန်အနောက်တောင်ပိုင်း ရှိ ကီတာကူရှုး မြို့ ၌ Corona ရောဂါ ဖြစ်ပွားမှု အရေအတွက် ထပ်မံမြင့်တက်လာခဲ့ပြီးနောက် Corona Virus ကူးစက်မှု ဒုတိယလှိုင်း အဖြစ် သတ်မှတ်ခဲ့ရပါတယ်။ Fukuoka စီရင်စု မှာ ဧပြီလ ၃၀ ရက်မှ မေလ ၂၂ ရက် အထိ ရောဂါကူးစက်မှု မရှိခဲ့သော်လည်း မေလ ၂၈ ရက်နေ့မှာ ရောဂါကူးစက်မှု ၂၁ ခု အထိ ဖြစ်ပွားခဲ့ပါတယ်။
ထိရောက်တဲ့ ကုသမှုတွေနဲ့ ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်တဲ့အထိ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေး ရေရှည်တိုက်ပွဲအတွက် နိုင်ငံအနေနဲ့ ပြင်ဆင်ထားဖို့ လိုအပ်ပြီး အရေးပေါ် အခြေအနေ တစ်စိတ်တစ်ပိုင်းကို ရုပ်သိမ်းခဲ့ပေမဲ့လည်း ဗိုင်းရပ်စ်ဟာ ခြိမ်းခြောက်မှုတစ်ခု အဖြစ်ရှိနေဆဲဖြစ်တယ်လို့ ဝန်ကြီးချုပ် Abe က ပြောပါတယ်။
Tokyo တွင် ရောဂါကူးစက်ဖြစ်ပွားမှုများနိုင်ခြေရှိသော နေရာများတွင် ၄၃ ခု ၏ ထက်ဝက်ခန့်သာ ခြေရာခံနိုင်ကြောင်း စီးပွားရေးဝန်ကြီး Yasutoshi Nishimura က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ ထို့အပြင် အစိုးရကျွမ်းကျင်သူများအဖွဲ့ကို တင်ပြ၍ ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဟု သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးကို မြို့အတွင်းရှိ ဆေးရုံနှစ်ခု မှာ ဖြစ်ပေါ်နိုင်တယ်လို့ သံသယရှိကြောင်း သူက ပြောကြားခဲ့ပါတယ်။ ကျန်းမာရေး၊အလုပ်သမားနှင့် လူမှုဖူလှုံရေးဝန်ကြီးဌာနက Kitakyushu မြို့ ရှိ ရောဂါဖြစ်ပွားမှု အခြေအနေကို လေ့လာပြီး တန်ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် ကျန်းမာရေးအဖွဲ့ကို စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။
SOURCE – Japan Today