Kobe ဆေးရုံက Corona Virus ကို ပြန်တိုက်ခိုက်ဖို့ ပဋိပစ္စည်းရှိမရှိ စမ်းသပ်စစ်ဆေးမှု ပြုလုပ်

May 5, 2020 at 8:48 AM

ဂျပန်နိုင်ငံအနောက်ပိုင်း Kobe မြို့ ရှိ ဆေးရုံတစ်ရုံကို လာပြတဲ့ ပြင်ပလူနာတွေရဲ့ ၃ရာခိုင်နှုန်းလောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကို ခန္ဓာကိုယ်က တိုက်ခိုက်တဲ့ပဋိပစ္စည်း သယ်ဆောင်ထားတာကို တွေ့ရှိခဲ့ရ တဲ့ အတွက် Corona Virus တစ်ချိန်ချိန်မှာ ကူးစက်ခံခဲ့ရတယ် ဆိုတဲ့ သက်သေအထောက်အထားကို ပြသနေခဲ့ပါတယ်။ Kobe မြို့အထွေထွေ ရောဂါကုဆေးရုံ ဆေးပညာဌာနက ဆရာဝန် အဖွဲ့တစ်ဖွဲ့ဟာ မတ်လနှောင်းပိုင်းကနေ ဧပြီလအစောပိုင်း ကာလအတွင်းCorona Virus ရဲ့ ရောဂါလက္ခဏာတွေကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဆေးရုံလာပြခဲ့တဲ့ လူနာတွေဆီကနေ သွေးနမူနာ ၁၀၀၀ ကောက်ခံ စစ်ဆေးခဲ့ပါတယ်။
သွေးနမူနာ ၃၃ခု တစ်နည်းအားဖြင့် အားလုံးရဲ့ ၃.၃ ရာခိုင်နှုန်းမှာ Corona Virus ရဲ့ ပဋိပစ္စည်း တွေ့ရှိခဲ့ပါတယ်။
အခုလို လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ဓာတ်ခွဲ စမ်းသပ်ချက်တွေရဲ့ တိကျမှုနဲ့ သွေးနမူနာတွေကို ဆေးရုံပြင်ပ လူနာဌာနကိုလာပြတဲ့ လူနာတွေဆီကပဲ ကောက်ယူ စစ်ဆေးခဲ့တဲ့ အကန့်အသတ်တွေ ရှိတဲ့ အတွက် မေးခွန်း ထုတ်စရာတွေ ကျန်နေသေးတယ်လို့ ဆရာဝန်တွေက မှတ်ချက်ပြုထားပါတယ်။
ဒါပေမဲ့ ဒီရာခိုင်နှုန်းကို အခြေခံ တွက်ချက်လိုက်ရင် Kobe မြို့မှာ လူ ၅၀၀၀၀ လောက်ဟာ ကူးစက်ခံထားရပြီး ဖြစ်တယ် ဆိုတာကို ပြသနေတယ်လို့ သူတို့က ပြောပါတယ်။
အဲဒီဆေးရုံအုပ် ဖြစ်သူ Kihara Yasuki က ဒီရလဒ်အရ လူတွေဟာ ပဋိပစ္စည်းတွေ သယ်ဆောင်ထားတဲ့အတွက် ရောဂါပိုး ကူးစက်ခံခဲ့ရတာ ခန့်မှန်းထားတာထက် ပိုများပုံရတယ်လို့ ပြောခဲ့ပါတယ်။
Kansai University of Social Welfare တက္ကသိုလ်က ပါမောက္ခ Katsuda Yoshiaki က ဒီလို လူအများ ကူးစက်ခံနေရတာကို လေ့လာ တွေ့ရှိချက်က ပြသနေပေမယ့် လူအများစု ကူးစက်မခံရ အောင် social distancing နဲ့ stay-at-home ကို အစိုးရအနေနဲ့ ဆက်ပြီး အကြံပြုသင့်တယ်လို့ သတိပေးခဲ့ပါတယ်။
SOURCE – Japan Today