Kumamoto ခရိုင်မှာ မိုးသည်းထန်ခဲ့ပြီး တစ်လအကြာ အနေအထား

ဂျပန်အနောက်တောင်ပိုင်းက Kumamoto ခရိုင်မှာ စံချိန်တင်အောင် မိုးသည်းထန်ခဲ့တာကြောင့် အကြီးအကျယ် ဘေးသင့်မှု ဖြစ်ခဲ့တာ အင်္ဂါနေ့မှာ တစ်လ ပြည့်ပြီဖြစ်ပါတယ်။

ဒီခရိုင်မှာ အဲဒီနောက်ပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက်ဟာ ၅ ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။ ဘေးသင့်ဧရိယာတွေက လူတွေဟာ ကူးစက်မှု တားဆီးရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ရတယ်ဆိုတဲ့ ခက်ခဲတဲ့ အနေအထားကို ရင်ဆိုင်နေရပါတယ်။
ဇူလိုင်လ ၄ ရက်နေ့က မိုးသည်းထန်မှုကြောင့် ခူမ မြစ် ရေလျှံတာနဲ့ နေရာတချို့မှာ မြေပြိုတာတွေ ဖြစ်ခဲ့ရပါတယ်။ လူ ၆၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
တနင်္လာနေ့အထိ လူ ၁,၄၀၀ကျော် တိမ်းရှောင်ခိုလှုံရေးစခန်းတွေမှာ နေထိုင်နေကြပါတယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ စစ်တမ်းတစ်ခုအရ လူ ၅၀၀ ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်တာ အပါအဝင် အကြောင်းပြချက်တွေနဲ့ ခိုလှုံရေးစခန်းတွေကို ရှောင်ရှားပြီး ထိခိုက်ပျက်စီးနေတဲ့ နေအိမ်တွေမှာပဲ နေထိုင်နေကြတာ တွေ့ရှိရပါတယ်။
ဘေးသင့်ခဲ့သူ လူ ၁၀၀ ကျော်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ၃၂ ရာခိုင်နှုန်းက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ သူတို့ရဲ့ ဘဝတွေပြန်လည်ထူထောင်ရေးမှာ ဂယက်ရိုက်ခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။
စေတနာ့ဝန်ထမ်းတွေ မလုံလောက်တာနဲ့ ကူးစက်မှုတားဆီးရေး လုပ်ငန်းစဉ်တွေအောက်မှာ တိမ်းရှောင်ခိုလှုံရတဲ့ နေထိုင်ရေးဆိုင်ရာ အခက်အခဲတွေကို သူတို့က ထောက်ပြခဲ့ကြပါတယ်။

SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်