ဒေသန္တရ စီးပွားရေးကို အားပေးဖို့ ဂျပန် ဗဟိုဘဏ် ဥက္ကဋ္ဌ ကတိပြု

September 25, 2020 at 3:39 PM

ဂျပန် ဗဟိုဘဏ်ဖြစ်တဲ့ Bank of Japan (BOJ) ရဲ့ ဥက္ကဋ္ဌ Kuroda Haruhiko က ဗုဒ္ဓဟူးနေ့မှာ အိုစာကာ က စီးပွားရေးလုပ်ငန်းအုပ်စု တစ်ခုရဲ့ အစည်းအဝေးကို အွန်လိုင်းကနေ ပါဝင်တက်ရောက်ခဲ့ပါတယ်။

အစိုးရနဲ့ ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ အရေးပေါ်အနေအထားလို့ သူက ရည်ညွှန်းခေါ်ဆိုခဲ့တဲ့ လက်ရှိအချိန်လို အနေအထားကို ဖြေရှင်းဖို့ မူဝါဒချမှတ်ရေးမှာ ထိရောက်မှု ရှိမယ်လို့ သူက ဆိုပါတယ်။
မစ္စတာ Kuroda က BOJ ဟာ ဒေသန္တရ စီးပွားရေးအနေအထားတွေကို ထည့်သွင်းစဉ်းစားရင်း ကုမ္ပဏီတွေကို ငွေကြေးထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ပြောပါတယ်။
BOJ က လိုအပ်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကပ်ရောဂါကြောင့် အထိနာနေတဲ့ လုပ်ငန်းတွေအတွက် ငွေကြေးထောက်ပံ့တဲ့ ကာလကို တိုးချဲ့မယ်လို့ သူက ဆိုပါတယ်။
အဲဒီအစီအစဉ်ဟာ အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံကျော် ပမာဏရှိပြီး နောက်နှစ် မတ်လကုန်မှာ အဆုံးသတ်ဖို့ ရှိနေပါတယ်။

SOURCE – Asahi Shimbun

Tags: