ဂျပန်မှာ အလုပ်အကိုင်ရှာဖွေသူတွေ နဲ့အလုပ်ရဲ့ အချိုးအစား ဆက်လက်ကျဆင်း

အဲဒီ အချိုးအစားဟာ ဖေဖော်ဝါရီလမှာ ၁.၄၅ ရှိရာကနေ မတ်လမှာ ၁.၃၉ ကို ကျဆင်း လာခဲ့ပါတယ်။ ဒီကိန်းဂဏန်းကတော့ အလုပ်ရှာဖွေသူ ၁၀၀ အတွက် ကမ်းလှမ်းထားတဲ့ အလုပ်အကိုင် ၁၃၉ ခု ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
အဲဒီ ကိန်းဂဏန်းက ၁.၄ ရဲ့ အောက်ကို ကျဆင်းသွား တာဟာ ၃ နှစ်ကျော် ကာလအတွင်းမှာ ပထမဦးဆုံး ဖြစ်ပါတယ်။
ကုန်ထုတ်လုပ်ငန်း၊ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ အပါအဝင် လုပ်ငန်း နယ်ပယ် အားလုံးနီးပါးမှာ အလုပ်အကိုင်သစ် ခေါ်ယူမှုတွေ လျော့ကျခဲ့ပြီး နှစ်အလိုက် နှိုင်းယှဉ်ရာမှာ ၁၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အလုပ်အကိုင်ရှာဖွေသူ ဦးရေဟာလည်း ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုက စီးပွားရေးအပေါ် ဆက်ပြီး ဂယက်ရိုက်နေတဲ့အတွက် ဒီအချိုးအစားကို သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ အလုပ်သမားရေးရာ ဝန်ကြီးဌာနက ဆိုပါတယ်။
ဒီအတောအတွင်း ဂျပန်ရဲ့ အလုပ်လက်မဲ့နှုန်းဟာ မတ်လမှာ အနည်းငယ် မြင့်တက်လာပြီး ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကြောင့်လို့ အစိုးရအရာရှိတွေက မှတ်ယူနေပါတယ်။
ရာသီအချိန်နဲ့ ကိုက်ပြီးလုပ်ရတဲ့ အလုပ်အနေအထားတွေကို ညှိနှိုင်း တွက်ချက် ထားတဲ့ အလုပ်လက်မဲ့ နှုန်းဟာ ၂.၅ ရာခိုင်နှုန်း ရှိနေပြီး ဖေဖော်ဝါရီလကထက် ရာခိုင်နှုန်းနဲ့ ၀.၁ မှတ် မြင့်တက်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်