ဂျပန်နိုင်ငံမှာ အရောင်းသွက်နေတဲ့ အမျိုးသမီးအတွင်းခံနှာခေါင်းစည်း(FACE MASK) ဖက်ရှင်

ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေမကြေငြာမီမှာတင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှု နဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုမြင့်တက်ခဲ့ပြီး နှာခေါင်းစည်းတွေဝယ်ယူမှု မြင့်တက်ခဲ့ပါတယ်။နှာခေါင်းစည်း (FACE MASK) တွေကို ဂျပန်နိုင်ငံက ဆေးဆိုင်တွေမှာ ပုံမှန်ထားရှိ ရောင်းချနေကျ ကုန်ပစ္စည်း အမျိုးအစားဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ဝယ်ယူရရှိနိုင်ဖို့ ခက်ခဲရှားပါးလာခဲ့ပါတယ်။
နှာခေါင်းစည်း အရေအတွက် မလုံလောက်တာကို လျော့ချနိုင်ဖို့အတွက် နှာခေါင်းစည်း ထုတ်လုပ်ရေးလုပ်ငန်း မဟုတ်တဲ့ ကုမ္ပဏီတော်တော်များများက လည်း နှာခေါင်းစည်းထုတ်လုပ်ရေး ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး နှာခေါင်းစည်းတွေ ထုတ်လုပ်ရောင်းချလာခဲ့ကြပါတယ်။

TOYAMA စီရင်စု က ဟီမီမြို့မှာ အခြေစိုက်တဲ့ ATSUMI FASHION အဝတ်အထည် ကုမ္ပဏီက ပြန်ပြီး အသုံးပြုနိုင်တဲ့ အဝတ်နဲ့ ချုပ်လုပ်ထားတဲ့ နှာခေါင်းစည်း တွေကို ဖက်ရှင်ကျကျ ဆန်းသစ်ထုတ်လုပ်လျက်ရှိပါတယ်။ ATSUMI FASHION ကုမ္ပဏီက အမျိုးသမီး အတွင်းခံ အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့အတွက် နှာခေါင်းစည်း ချုပ်တဲ့ နေရာမှာ အတွင်းခံဖက်ရှင်ဒီဇိုင်းတွေ ထည့်သွင်း ချုပ်လုပ်ခဲ့ပါတယ်။

အမျိုးသမီးတွေရဲ့ ရင်သားမှာ ဝတ်ဆင်ရတဲ့ အဝတ်အထည်ကို နှာခေါင်းစည်း ပုံစံ ချုပ်လုပ်ခဲ့တဲ့ LACE BRA MASK ကို စရောင်းတဲ့အချိန်မှာ ဂျပန်လူမှုကွန်ရက်အနှံ့ ဟာသ သဘောမျိုးနဲ့ နာမည်ကြီးခဲ့ပါတယ်။ အဖြူ၊ပန်းရောင်၊အမဲရောင် စတဲ့ အရောင်တွေနဲ့ ချုပ်လုပ်ထားတဲ့ ဇာဘရာဇီယာနှာခေါင်းစည်း တစ်ခုကို ၁၄၉၀ ယမ်း တန်ဖိုး နဲ့ ATSUMI FASHION ကုမ္ပဏီက ရောင်းချခဲ့ပါတယ်။
ဂျပန်ဈေးဝယ်သူများရဲ့ စိတ်ဝင်စားခြင်းကို မခံရနိုင်ဘူးလို့ ထင်ကြေးပေးခံခဲ့ရပေမဲ့ ATSUMI FASHION ကိုယ်ပိုင် အွန်လိုင်း စတိုးမှာ ဒီအတွင်းခံနှာခေါင်းစည်းတွေ ရောင်းကုန်သွားခဲ့ပြီလို့ သိရပါတယ်။ နောက်ပြီး ကုမ္ပဏီက နောက်ထပ် ဒီဇိုင်းအသစ်နဲ့ နှာခေါင်းစည်း နောက်တစ်သုတ်ကို ထုတ်လုပ်ရောင်းချ သွားမယ်လို့ ကြေငြာထားပါတယ်။
SOURCE – SORANEW24

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်