ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေ

May 29, 2021 at 5:38 PM

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က စနေနေ့က မြို့တော်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅၃၉ ဦးရှိတယ်ဆိုတာ အတည်ပြုခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကနဲ့ယှဉ်ရင် ၆၃ ဦး လျော့ကျခဲ့ပါတယ်။ သီတင်းပတ်အလိုက်ကြည့်ရင် တိုကျိုမှာ တစ်နေ့တာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် အရေအတွက်ဟာ ၁၆ ရက် ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။
အိုစာကာခရိုင်အရာရှိတွေက စနေနေ့မှာ ခရိုင်တွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၂၁၆ ဦးရှိတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။
ဂျပန်တောင်ပိုင်းခရိုင်ဖြစ်တဲ့ အိုကီနာဝါမှာ စနေနေ့က ကူးစက်ခံရသူ ၃၃၅ ဦးကို အတည်ပြုခဲ့ပါတယ်။ သောကြာနေ့က ၃၁၃ ဦးနဲ့ ကူးစက်ခံရသူအရေအတွက် စံချိန်တင်ခဲ့တာကို ကျော်လွန်သွားခဲ့တာပ။ ဒါဟာ အိုကီနာဝါမှာ ၂ ရက်ဆက်တိုက် စံချိန်သစ်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ဒီအတောအတွင်း မြောက်ပိုင်းခရိုင်ဖြစ်တဲ့ ဟော့ကိုင်းဒိုးမှာ စနေနေ့က ကူးစက်ခံရသူအသစ် ၄၄၂ ဦးရှိခဲ့ပါတယ်။
လတ်တလောသီတင်းပတ်မှာ အိုကီနာဝါမှာ ကူးစက်ခံရမှုနှုန်းဟာ လူ ၁၀၀၀၀၀ မှာ ၁၀၀ ဦးရှိပြီး ဂျပန်ရဲ့ ခရိုင် ၄၇ ခရိုင်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ပါတယ်။ ဟော့ကိုင်းဒိုးက ဒုတိယအမြင့်ဆုံးဖြစ်ပြီး ၇၇ ဦးရှိပါတယ်။