ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း ဂျပန်ဒဏ္ဍာရီလာ မှတဆင့် စိတ်သက်သာရာ ရှာဖွေခြင်း

May 5, 2020 at 9:22 PM

Chiba စီရင်စု မှာ ရှိ တဲ့ Chofukujuji ဘုန်းကြီးကျောင်းမှာ ၁၀ ရာစု သက်တမ်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး Ganzan Daishi (Ryogen) ဝင်စားတဲ့ Tsuno Daishi (Great Horned Master) နတ်ဆိုး ရဲ့ပုံတော်ကို ပန်းထိုးထားတဲ့ Omamori အဆောင်လက်ဖွဲ့တွေကို ဂျပန်ငွေ ယမ်း ၁၀၀၀ နဲ့ ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။
Ganzan Daishi ဘုန်းတော်ကြီးက နာမကျန်းဖျားနာ မှု နဲ့ တစ်ခြား မကောင်းတဲ့အရာတွေကို ကုသဖယ်ရှားပေးနိုင်တဲ့ တန်ခိုးရှိတဲ့အတွက် ကမ္ဘာမှာ လက်ရှိ ဖြစ်ပွား နေတဲ့ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတာနဲ့ ပတ်သက်ပြီး ဖယ်ရှားပေးလိမ့်မယ်ဆိုတဲ့ အဆောင်လက်ဖွဲ့အဖြစ် ဝယ်ယူခဲ့ကြပါတယ်။“COVID-19 ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်ပေးဖို့ အဓိဌာန်ဝင်ဆုတောင်းထားတဲ့ အဆောင်လက်ဖွဲ့ ကို အပတ်တိုင်း အခု၃၀၀ လုပ်ဖြစ်နေတယ်” လို့ နှစ် ၁၂၀၀ ခန့် သက်တမ်းရှိတဲ့ Chofukujuji ဘုန်းကြီးကျောင်း ဆရာတော် Choshu Imai က ဆိုပါတယ်။“အဆောင်လက်ဖွဲ့တွေကို ဘုန်းကြီးကျောင်းမှာ လူကိုယ်တိုင်လာရောက်ဝယ်ယူစရာမလိုပဲ ဝယ်ယူနိုင်အောင် အွန်လိုင်းကနေတဆင့် ရောင်းချပေးနေပါတယ်” ဟု ၎င်းက ထည့်သွင်း မိန့်ကြားခဲ့ကြပါတယ်။

Chofukujuji temple in Chiba Prefecture

ဂျပန်နိုင်ငံအတွက် ကပ်ရောဂါတွေ ကူးစက်ပျံ့နှံ့မှုကိုရင်ဆိုင်ရတိုင်း ပြည်သူလူထူကို ဘာသာတရားကိုင်းရှိုင်းမှု နဲ့ ရိုးရာဓလေ့ ယုံကြည်မှုတွေက တစ်ဖက်တစ်လမ်းကနေ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာခန့်ကတည်းက လက်ရှိအချိန်ထိ နှစ်သိမ့်မှု ပေးနိုင်စွမ်း ရှိခဲ့ပါတယ်။ လက်ရှိ ကမ္ဘာတစ်ဝှမ်း အသက်ပေါင်းများစွ မရေမတွက် နိုင်လောက်အောင် ဆုံးရှုံးလျက်ရှိတဲ့ ကိုရိုနာရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လာခဲ့တဲ့အချိန်မှာ ဂျပန်နိုင်ငံသား တစ်ချို့က စိုးရိမ်ပူပန်စိတ်ကို ဖျောက်ဖို့ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုအတွက် သူတို့ယုံကြည်ရာ ဒဏ္ဍာရီလာ အဆောင်လက်ဖွဲ့တွေဘက်ကို မြှားဦးလှည့် လာခဲ့ကြပါတယ်။
ဂျပန်နိုင်ငံမှာ တုပ်ကွေးရောဂါနဲ့ ဝမ်းရောဂါကနေစပြီး ကျောက်ရောဂါနဲ့ ဝက်သက်ရောဂါအထိ သမိုင်းကြောင်းတစ်လျှောက်ရောဂါများစွာ ကူးစက်ပျံ့ပွားမှု နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ခေတ်မှီဆေးဝါးတွေနဲ့ ကူးစက်ပြန့်ပွားလွယ်တဲ့ ရောဂါတွေကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ တော့ ဂျပန်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေးကို အဆုံးသတ်နိုင်ဖွယ်မရှိသေးကြောင်း မှတ်တမ်းများက ဖော်ပြထားပါတယ်။
ပထမဆုံးကပ်ရောဂါဖြစ်ပွားမှုကတော့ တရုတ်ပြည်က နေ ပြန်လာတဲ့ Kentoshi သံတမန် ကိုယ်စားလှယ်တွေဆီက စတင်ကူးစက်ပြန်ပွားမှု ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်ကပ်ရောဂါဖြစ်ပွားမှုကတော့ ကိုရီးယားကျွန်းဆွယ် က နေ ပြန်လာတဲ့ ဂျပန်သံတမန်အဖွဲ့ဆီကတဆင့် ကူးစက်ပြန့်ပွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ဒီကူးစက်ရောဂါတွေက တခြားနေရာတွေကတဆင့် ဂျပန်နိုင်ငံကို ကူးစက် ရောက်ရှိလာခဲ့တယ်ဆိုတဲ့ အယူအဆ မှာ ဂျပန်လူမျိုးအချို့ ရဲ့ စိတ်ထဲမှာ အခုချိန်ထိ အမြစ်တွယ်နေခဲ့ပါတယ်။
ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ဗုဒ္ဓမြတ်စွာဘုရားရဲ့ သင်္ကေတဟာ ယနေ့ထက်တိုင် ရှင်သန်နေဆဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုကျွန်း ကို တိုင်ဖွန်းမုန်တိုင်းနှင့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ဂျပန်နိုင်ငံအတွင်းရှိ လူမှုကွန်ရက်အသုံးပြုသူများက တွစ်တာမှ တဆင့် ဗုဒ္ဓရုပ်ပွားတော်အသစ် တစ်ဆူ တည်ဆောက်ရန် တောင်းဆိုသည့် စာများကို ရေးတင်ခဲ့ကြဖူးသည်။

Todaiji’s gargantuan Great Buddha in Nara

ဂျပန်အစိုးရနဲ့သိပ္ပံပညာရှင်တွေက ရောဂါကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်ဖို့ အဖြေ ရှာနေကြတဲ့အချိန်မှာ ဂျပန်နိုင်ငံ အတွင်းမှာ COVID-19 ရောဂါပျောက်ကင်းစေတဲ့ ရောဂါဖြေဆေး အတုကောလဟာလတွေလည်း လူတွေ ဝေမျှမှုများကြောင့် ပျံ့နှံ့ လျက်ရှိပါတယ်။ COVID-19 ရောဂါ
တွစ်တာ အသုံးပြု သူတွေနဲ့တခြား လူမှုကွန်ရက်မီဒီယာ များမှာ COVID-19 ရောဂါပျောက်ကင်း အောင် ရေနွေးသောက်ခိုင်းခြင်းအပါအဝင် ကိုရိုနာဗိုင်းရပ်စ် နဲ့ မသက်ဆိုင်တဲ့ကုထုံး နည်းလမ်းတွေကို ဖြန့်ဖြူးလျက်ရှိပြီး ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ထူးဆန်းတဲ့ ထင်ကြေး တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
စားသုံးသူရေးရာ အေဂျင်စီက တော့ ထိရောက်တဲ့ကျန်းမာရေးဆိုင်ရာဖြည့်စွက်အစားအစာ၊ ဆိုင်ခန်း ဈေးဆိုင်များ လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ထားဖို့ နဲ့ အခြားထုတ်ကုန်တွေမှာလည်း ကျန်းမာရေးသတိပေးချက်များကို ကပ်နှိပ်ထုတ်ဝေထားခဲ့ပြီးဖြစ်ပါတယ်။
SOURCE – Japan Times