Hokkaido မှာ ရစ်တာစကေ ၅.၈ အင်အားပြင်း ငလျင် လှုပ်ခတ်၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိ

May 31, 2020 at 1:33 PM

မေလ ၃၁ ရက်နေ့ နံနက် အစောပိုင်းမှာ Hokkaido တွင် ရစ်တာစကေး ၅.၈ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။ နံနက် ၃ နာရီ ၁၄ မိနစ် မှာ Hokkaido နဲ့ ဂျပန်အရှေ့မြောက်ပိုင်း ဒေသ အချို့ ငလျင်လှုပ်ခတ်မှု ကို ခံစားခဲ့ရသော်လည်း ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း မရှိခဲ့တဲ့အပြင် ငလျင်လှုပ်ခတ်မှု ကြောင့် ပျက်ဆီးဆုံးရှုံးမှု မရှိကြောင်းသိရပါတယ်။

Tags: