ကျွန်တော် မှတ်မိတဲ့ တစ်ရက်အတွင်း အပြီး ဖတ်နိုင်မဲ့ မန်ဂများ (၁)
MMKizuna ကနေ စာရေးသူလို Ongoing series တွေ တအား များလာတာကြောင့် Anime ကို ဆက်စောင့်ပြီး မကြည့် နိုင်တော့ပဲ ပင်ရင်း Manga စာအုပ် တွေဆီကို ကူးသွားတဲ့ သူတွေအတွက် တစ်ရက်တည်း နဲ့ အပြီး ဖတ်နိုင်မဲ့ Manga ဇာတ်လမ်းလေး တွေ ကို ဝေမျှ ပေးချင်ပါတယ်။ One Shot အမျိုးအစား Manga တွေတော့ မဟုတ်ပါဘူးနော်။ ဝေမျှ ပေးသွားချင်တာ ကတော့ Volume (အတွဲ) ဆယ်ဂဏန်းမကျော်တဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။

၁။ Gokushufudou: The Way of the House Husband
ဇာတ်လမ်းအညွှန်းလေးက ရှင်းပါတယ်။ ယာကူဇာအဖြစ်က စွန့်လွှတ်လိုက်ပြီ ဖြစ်တဲ့ Tatsu တစ်ယောက် အိမ်ရှင်ထီး တာဝန်ကို ဘယ်လိုဘယ်ပုံ ယူထားလဲ ဆိုတာ ဟာသ လေးနဲ့ နွေးထွေးမှု လေး နှောထားတာမို့ Manga ဖတ်နေကျ လူ တော်တော်များများ တော့ ဖတ်ဖူးပြီးလောက်ပြီလို့ ထင်ပါတယ်။ အပိုင်း ၅၆ ပိုင်း ပဲရှိပါတယ်။

၂။ We shall now begin Ethics
ကျင့်ဝတ် ဆိုတာ လူ့အဖွဲ့အစည်းရဲ့ အဓိကအစိတ်အပိုင်းပဲ မဟုတ်လား။ ဒါပေမဲ့ လူငယ်ကျောင်းသားတွေက ကျင့်ဝတ် ဆိုတာကို အလေးအနက်ထားဖို့ ဆိုတာ ခဲယဉ်းလှပါတယ်။Takayanagi က ကျောင်းသားတွေရဲ့ ကျင့်ဝတ်ဆိုင်ရာ ယုံကြည်မှုတွေနဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမှာ ဘယ်လိုတွေ လမ်းပြပေးသွားမလဲ ဆိုတာတော့ ၂၃ ပိုင်းပဲ ရှိတဲ့ ဒီစီးရီး ကို ဖတ်ရှုရင်း အသိ သို့မဟုတ် ခံစားမှု တစ်ခုခု ရသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

၃။ Pluto
စက်ရုပ်တွေနဲ့ ပြည့်နှက်နေတဲ့ အနာဂတ်ကမ္ဘာမှာ တစ်စုံတစ်ယောက်က တစ်ချိန်တည်းမှာ အနာဂတ်ကမ္ဘာက အင်အားအရှိဆုံးခုနစ်ယောက်ကိုဖျက်ဆီးဖို့ ကြိုးစားနေခဲ့ပါတယ်။ Gesicht က ခုနစ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဖြေရှင်းဖို့ တာဝန်ပေးအပ်ခံခဲ့ရပြီးနောက် မကြာခင်က ဖြစ်ပွားခဲ့တဲ့ လျှို့ဝှက်ချက်တွေကိုရင်ဆိုင်ရပါတော့တယ်။ ၆၅ ပိုင်း နဲ့ Bladerunner Vibe လေးတွေ ပြန်ယူကြရအောင်။
ဂျပန်မြန်မာနှစ်ဘာသာရေးတင်ပေးဖို့အကြံပြုချင်ပါတယ်ဒါမှဂျပန်စာလေ့လာသူအတွက်အကျိုးရှိမှာပါ