ဂျပန်အစိုးရရဲ့ အိမ်မှာနေကြဖို့ တောင်းဆိုချက်အပေါ် ပြည်သူတွေ လိုက်နာပုံ ကွဲပြား

ဂျပန်နိုင်ငံမှာ လက်ကိုင်ဖုန်းတွေက ရရှိတဲ့ အချက်အလက်တွေအရ မြို့ကြီးတွေက ပြည်သူတွေဟာ အစိုးရရဲ့ အိမ်မှာ နေကြဖို့ မေတ္တာ ရပ်ခံချက်ကို အများစု လိုက်နာကြပြီး အိမ်မှာပဲ နေကြတယ်လို့ ဆိုပါတယ်။
တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ NTT Docomo က မည်သူ မည်ဝါရဲ့ ဖုန်းဆိုတာ မဖော်ပြဘဲ လက်ကိုင်ဖုန်းတွေရှိနေတဲ့ နေရာကို လိုက်ထားတဲ့ ဒေတာ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ အချက်အလက်တွေအရ ဂျပန်တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်ကနေ ဖေဖော်ဝါရီလလယ်အထိ ကာလနဲ့ နှိုင်းယှဥ်ရင် အဓိက မြို့ကြီးတွေမှာ စနေနေ့က ပျမ်းမျှ အပြင်ထွက်တဲ့နှုန်းဟာ ကျဆင်းသွားပါတယ်။
စနေနေ့ ညနေ၃နာရီမှာ ရရှိတဲ့ အချက်အလက်တွေအရ အဲဒီလို အပြင်ထွက်မှု လျော့ကျတဲ့နှုန်းဟာ နေရာဒေသ အလိုက် ကွဲပြား နေတာကို တွေ့ရပါတယ်။
အရေးပေါ် အခြေအနေ အဖြစ် ပထမဆုံး ကြေညာခံရတဲ့ ခရိုင်၇ခု အထဲမှာ အိုစာကာ (Osaka) ခရိုင်က နာမည်ကြီး အုမဲဒ (Umeda) ရပ်ကွက် အနီးတစ်ဝိုက်ကို လာရောက်သူဦးရေဟာ ၈၄.၉ ရာခိုင်နှုန်း အထိ ကျဆင်း ခဲ့ပါတယ်။

တိုကျိုမှာ စျေးဆိုင်တွေ၊ ဖျော်ဖြေရေး လုပ်ငန်းတွေနဲ့ စည်ကားတဲ့ ရှင်းဂျူကု (Shinjuku) အနီးတစ်ဝိုက်ကို လာရောက်သူဦးရေ ၇၈.၉ ရာခိုင်နှုန်း ကျဆင်း ခဲ့ပါတယ်။ ခါနာဂါဝါ (Kanagawa) ခရိုင်က ယိုကိုဟားမား (Yokohama) ဘူတာ အနီးတစ်ဝိုက်ကို လာရောက်သူ ၇၅.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဖူကူအိုက (Fukuoka) ခရိုင်က တန်ဂျင်း (Tenjin) အရပ်မှာတော့ ၇၃.၂ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ပါတယ်။
အစိုးရက အရေးပေါ်အခြေအနေ အမြင့်ဆုံး အဆင့် ကို နောက်ထပ် ထည့်သွင်းခဲ့တဲ့ ခရိုင် ၆ခု အထဲမှာတော့ အိုင်အိချိ (Aichi) ခရိုင်က နာ့ဂိုယာ (Nagoya) ဘူတာ အနီးတစ်ဝိုက်ကို လာရောက်သူ ဦးရေဟာ ၇၄.၂ ရာခိုင်နှုန်းနဲ့ စံချိန်တင် ကျဆင်းခဲ့ပါတယ်။
ကျိုတို (Kyoto) ဘူတာ အနီးတစ်ဝိုက်မှာ ၇၃.၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုး (Hokkaido) ခရိုင်က စပ်ပိုရို (Sapporo) ဘူတာ တစ်ဝိုက်မှာ ၆၈.၁ ရာခိုင်နှုန်းအထိ အသီးသီး ကျဆင်းခဲ့ပါတယ်။
တခြား ခရိုင်တွေဖြစ်တဲ့ မီယာ့ဂီ (Miyagi) ခရိုင်က စန်းဒိုင် (Sendai) ဘူတာ အနီးပတ်ဝန်းကျင်ကို လာရောက်သူဦးရေ ၆၃.၅ ရာခိုင်နှုန်း ကျဆင်း ခဲ့တာကို တွေ့ခဲ့ရပြီး ဟီရိုရှီးမား (Hiroshima) ဘူတာ တစ်ဝိုက်မှာတော့ ၄၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ပြည်သူတွေ အပြင် ထွက်တဲ့နှုန်း ဟာ ယေဘုယျ အားဖြင့် ရုံးဖွင့်ရက် တွေမှာ လျော့ကျတာထက် ရုံးပိတ်ရက်တွေမှာ လျော့ကျတာ ပိုများပုံ ရပါတယ်။

SOURCE – New York Times

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်