ဂျပန်အစိုးရက ခရိုင်အတော်များများမှာ အရေးပေါ် အခြေအနေ ရုပ်သိမ်းနိုင်ဖွယ်ရှိ

ဂျပန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ဂျပန်တစ်နိုင်ငံလုံးမှာ အရေးပေါ် အခြေအနေကို မေလ ၃၁ရက်နေ့အထိ ကြေညာထားပေမဲ့ ကူးစက်မှုနဲ့ ပတ်သက်ပြီး အထူး သတိပေးထားတဲ့နေရာတွေ မဟုတ်တဲ့ ခရိုင် ၃၄ ခုမှာ သတ်မှတ်ရက် မတိုင်ခင်မှာ ရုပ်သိမ်း နိုင်ဖွယ်ရှိတယ်လို့ ပြောကြား လိုက်ပါတယ်။ တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ NHK အစီအစဉ်တစ်ခုမှာ ဂျပန့် စီးပွားရေး ပြန်လည်အားကောင်းလာရေး ဝန်ကြီး နိရှိမူရာ့ ယာစုတိုရှိ (Nishimura Yasutoshi) က လာမယ့်သီတင်းပတ်ထဲမှာ ကျွမ်းကျင် ပညာရှင်များအဖွဲ့ဆီကနေ အကြံဉာဏ်တွေကို ရယူပြီးတဲ့နောက် အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာချက် ရုပ်သိမ်းမယ့် ကိစ္စကို စဉ်းစားသွားမယ်လို့ ပြောကြား သွားပါတယ်။
အဲဒီလို ဆုံးဖြတ်ချက်ချဖို့အတွက် စဉ်းစားရမယ့် အချက်တချို့ ကတော့ တစ်ပတ်အတွင်း ရောဂါ ကူးစက်ခံရသူ အသစ်တွေ့ရှိတဲ့ အရေအတွက် ကျဆင်းမှု၊ သက်ဆိုင်ရာဒေသရဲ့ လူဦးရေနဲ့ ရောဂါကူးစက်မှုအသစ် အရေအတွက် အချိုးအစား စတာတွေ ပါဝင်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဆက်လက်ပြီး ဝန်ကြီး နိရှိမူရာ့က ရောဂါကူးစက်မှုအသစ် ထပ်မတွေ့ရတဲ့ ခရိုင်တွေမှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းမယ်လို့ ပြောပါတယ်။ အခြေအနေတွေအပေါ် မူတည်ပြီး တိုကျိုနဲ့ အိုစာကာ တို့အပါအဝင် အထူးသတိပေးထားတဲ့ ခရိုင် ၁၃ ခု မှာလည်း ရုပ်သိမ်း နိုင်ဖွယ်ရှိတယ်လို့လည်း သူက ပြောကြားလိုက် ပါတယ်။
အရောင်း ကျဆင်းမှုရှိပေမဲ့ ဝန်ထမ်းတွေကို အလုပ်မဖြုတ်ဘဲ ထားတဲ့ စီးပွားရေး လုပ်ငန်းတွေကို အစိုးရက အလုပ်အကိုင် ထောက်ပံ့ကြေးတွေ ပေးရေးနဲ့ပတ်သက်ပြီးလည်း ဂျပန့် ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေး ဝန်ကြီး ခါ့တို ခတ်စုနိုဘု (Kato Katsunobu) က ပြောကြားသွားပါတယ်။
အဲဒီလို ထောက်ပံ့ကြေးတွေကို ရယူဖို့လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို အလွန် ရိုးရှင်း လွယ်ကူအောင် ပြုလုပ်ထားတဲ့နည်းနဲ့ လျှောက်ထားပြီး ၂ ပတ် အတွင်း ထောက်ပံ့ကြေး လက်ခံရရှိနိုင်အောင် အစိုးရက ဆောင်ရွက်နေတယ်လို့ သူက ပြောကြားသွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် အလုပ်ကနေ အနားယူနေရတဲ့ ဝန်ထမ်းတစ်ဦးအတွက် အများဆုံး တစ်ရက်ကို ဒေါ်လာ ၈၀လောက် ကုမ္ပဏီ က ပေးနိုင်အောင် လက်ရှိ ထောက်ပံ့ငွေပမာဏ ကိုလည်း တိုးမြှင့်ဖို့ အစိုးရက စဉ်းစားနေတယ်လို့ ဝန်ကြီး ခါ့တို က ဆက်ပြောသွားပါတယ်။
ဂျပန်ကုန်သည်နဲ့ စက်မှုအသင်းချုပ် ဥက္ကဋ္ဌ မစ္စတာ မိမူရ အာကီအိုး (Mimura Akio) ကလည်း အဲဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ပြီး ကုမ္ပဏီတွေ ဒေဝါလီခံခြင်း၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းခြင်း တွေက လူ့အဖွဲ့အစည်း အပေါ် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ကျရောက် စေကြောင်းနဲ့ ထောက်ပံ့ကြေးတွေကို အမြန်ဆုံးထုတ်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း ပြောကြားလိုက်ပါတယ်။

SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်