နိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့် တားမြစ်ချက်နဲ့ ပတ်သက်တဲ့ ခြွင်းချက်တွေကို ဂျပန်ဝန်ကြီးဌာနက ရှင်းလင်းဖော်ပြ

လူသားချင်းစာနာထောက်ထားမှုကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တဲ့ အခြေအနေတွေမှာ နိုင်ငံခြားသားတွေအပေါ် ဂျပန်နိုင်ငံတွင်း ပြန်လည်၀င်ရောက်ခွင့် တားမြစ်ချက်ကို ဖြေလျှော့ပေးဖို့ ဂျပန်တရားရေး ၀န်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားတချို့ဟာ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်မှုကို ငြင်းပယ်ခံရမှာ စိုးရိမ်တဲ့ အတွက် ဆွေမျိုးသားချင်းတွေရဲ့ အသုဘအခမ်းအနား တက်ရောက်ရမယ့် အနေအထားမှာတောင် ဂျပန်ကနေ ထွက်ခွာဖို့ ဝန်လေး နေကြပါတယ်။
အစိုးရအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းပြချက်တွေနဲ့ တချို့အခြေအနေတွေမှာ ပြည်၀င်ခွင့်ပိတ်ပင်မှုကို ဖြေလျှော့ပေးဖို့ စဉ်းစားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
အဲဒီလို ခြွင်းချက်တွေကို တရားရေး ၀န်ကြီး ဌာနရဲ့ ၀က်ဘ်ဆိုက်မှာ ဗုဒ္ဓဟူးနေ့က တင်ခဲ့ပါတယ်။
ဂျပန်မှာနေတဲ့ နိုင်ငံခြားသားရဲ့ ဂျပန် ပြင်ပက ဆွေမျိုးသားချင်းတွေ ကွယ်လွန်တာ၊ ရောဂါအခြေအနေ အလွန်ဆိုးရွားနေတာ စတဲ့ အနေအထား၊ ဒါမှမဟုတ် ဂျပန်မှာနေတဲ့ နိုင်ငံခြားသားက နိုင်ငံခြားမှာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် နောက်ဆက်တွဲ စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်လို့ နိုင်ငံခြားကိုပြန်ထွက်ရတဲ့အခါတွေမှာ ဂျပန်နိုင်ငံထဲ ပြန်လည် ၀င်ရောက်ခွင့်ပြုမှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ၀န်ဆောင်မှုအေဂျင်စီက တာဝန်ရှိသူတွေက ဆိုပါတယ်။
SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်