ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးစမ်းသပ်နိုင်တဲ့ အရေအတွက် ၂၀၀၀၀ အထိ ကျန်းမာရေးဝန်ကြီးဌာနက တိုးမြှင့်

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအသစ် ကူးစက်နေခြင်း ရှိမရှိ စစ်ဆေးနိုင်တဲ့ အရေအတွက်ကို တစ်ရက်မှာ ဦးရေ ၂၀၀၀၀ အထိ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန စီစဉ်နေပါတယ်။

ကားပေါ်က မဆင်းဘဲ စစ်ဆေးမှု ပြုလုပ်နိုင်တဲ့ Drive-Through စစ်ဆေးမှုကိုလည်း ပိုပြီးလုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ အမျိုးသား ကူးစက်ရောဂါဆိုင်ရာ အဖွဲ့အစည်း၊ ပြည်သူ့ကျန်းမာရေး စင်တာတွေနဲ့ အခြား အဖွဲ့အစည်းတွေမှာ လက်ရှိ လူဦးရေ ၁၂၀၀၀အထိကို နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် စစ်‌ဆေးပေးနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီစစ်ဆေးမှုတွေအတွက် လိုအပ်တဲ့ ကိရိယာတွေ တပ်ဆင်ရာမှာ အထောက်အပံ့တွေ ပေးခြင်းအားဖြင့် စစ်ဆေးနိုင်တဲ့ ပမာဏကို တိုးမြှင့်သွားဖို့ စီစဉ်နေပါတယ်။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် အစိုးရက မကြာခင်က ကြေညာသွားတဲ့ အ‌ရေးပေါ် စီးပွားရေး ထောက်ပံ့မှု အစီအစဉ် တချို့ကို အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။
တနင်္လာနေ့ကစပြီး အခုသီတင်းပတ်အတွင်း ပျမ်းမျှအားဖြင့် တစ်နေ့မှာ ၄၀၀၀ ပဲ စစ်ဆေးနိုင်ပါသေးတယ်။
ဒါ့ကြောင့် အမှန်တကယ် ရောဂါပိုးစစ်ဆေးနိုင်တဲ့ ပမာဏ များလာစေဖို့ ဝန်ထမ်းတွေ ပိုပြီးခန့်ထားနိုင်ဖို့လည်း ရည်မှန်းထားပါတယ်။ Drive-Through လို့ခေါ်တဲ့ စစ်ဆေးမှုမှာ စစ်ဆေးခံသူတွေဟာ မိမိတို့ကားပေါ်ကမဆင်းဘဲ စစ်ဆေးမှုခံယူတာကို နိအိဂါ့တ မြို့ အပါအဝင် ဂျပန်နိုင်ငံ အချို့ဒေသတွေမှာ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ထိရောက်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင် နိုင်တဲ့အပြင် ဆေးရုံတွင်းကူးစက်မှုအန္တရာယ်ကို လျှော့ချနိုင်တာကြောင့် ဒီလိုစစ်ဆေးမှုပုံစံကို ပိုမိုလုပ်ကိုင်လာနိုင်ဖို့ ထည့်သွင်း စဉ်းစားနေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ နောက်ဆုံးရက် ကန့်သတ်မှု မထား သော်လည်း ရည်မှန်းချက်ကို တတ်နိုင်သမျှ မြန်မြန် ရောက်ရှိ လိုတဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်