တိုကျိုဆေးရုံကုတင် ၉၀ ရာခိုင်နှုန်းကျော် COVID-19 လူနာ တွေ နဲ့ ပြည့် နေ

တိုကျိုမြို့ရှိ ဆေးရုံကုတင် ၉၀ ရာခိုင်နှုန်းကျော်မှာ COVID-19 လူနာတွေ နဲ့ ပြည့်နေတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၂၈ ရက်နေ့အထိ COVID-19 လူနာ 1832 ဦးခန့် ဆေးရုံမှာ တက်ရောက်ကုသလျက်ရှိပြီး ပျမ်းမျှ ကုတင် ၂၀၀၀ ခန့်မှာ ၉၁.၆ ရာခိုင်နှုန်း နေရာယူခဲ့ပြီး တိုကျိုအစိုးရက COVID-19 လူနာများအတွက် အိပ်ယာအရေအတွက် ၄၀၀၀ အထိ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
တိုကျိုမြို့တော်မှာ လူ ၅၀၀၀ ခန့် Corona Virus ရောဂါ ကူးစက်ခံစားနေရလျက်ရှိပြီး ဂျပန်နိုင်ငံ၏ စုစုပေါင်း ရောဂါကူးစက်ခံရသူဦးရေ ရဲ့ သုံးပုံတစ်ပုံခန့် နဲ့ ညီမျှတယ်လို့ NHK သတင်းဌာနအရ သိရပါတယ်။
မေလ ၁၀ ရက်နေ့မှာ COVID-19 လူနာ နောက်ထပ် ၂၂ ဦး ကူးစက်ခံစားခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်