ပြည်ဝင်ခွင့် တားမြစ်ချက် ၄ နိုင်ငံနဲ့ ဒေသ ၁ ခု အပေါ် ဂျပန် ဖြေလျှော့မယ်

September 2, 2020 at 11:14 AM

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက် ချမှတ်ထားတဲ့ ပြည်ဝင်ခွင့် တားမြစ်ကန့်သတ်ချက်တွေ ဖြေလျှော့ပေးရေးနဲ့ ပတ်သက်ပြီး နိုင်ငံ ၄ နိုင်ငံနဲ့ ဒေသ ၁ ခု တို့နဲ့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။

မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်ဝမ် တို့နဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ သဘောတူညီချက် ရရှိခဲ့တယ်လို့ မစ္စတာ မိုတဲဂီက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
အဲဒီသဘောတူညီချက်အရ ကုမ္ပဏီဝန်ထမ်းတွေအပါအဝင် ကာလရှည် နေထိုင်ခွင့်ရှိသူတွေဟာ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ဂျပန်နဲ့ အဲဒီနိုင်ငံနဲ့ ဒေသတွေ အကြား ခရီးသွားလာခွင့်ရရှိမှာ ဖြစ်ပါတယ်။
မစ္စတာ မိုတဲဂီက ကာလတိုနေထိုင်ခွင့်ရှိသူတွေအတွက်လည်းပဲ ခရီးသွားလာခွင့် တားမြစ်ချက်တွေ ဖြေလျှော့ပေးဖို့ အဲဒီ အစိုးရအဖွဲ့တွေနဲ့အတူ စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဂျပန်အစိုးရဟာ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့နဲ့လည်း အလားတူသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပြီး ကာလရှည်နေထိုင်သူတွေအတွက် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးနေပါတယ်။

SOURCE – Tokyo Today