ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယနှင့် တတိယလှိုင်းများအတွက် ပြင်ဆင် ရန် လိုအပ်ဟု ဂျပန်ဝန်ကြီးချုပ် ပြောဆို

ဂျပန်နိုင်ငံမှာ အရေးပေါ် အခြေအနေ ကို ခရိုင် ၃၉ ခုမှာ ရုပ်သိမ်းလိုက်ပြီးနောက် Corona Virus ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်‌ရေးအတွက် သတိကြီးကြီးထား ဆောင်ရွက်ချက်တွေကို ဆက်လက် လုပ်ဆောင်ကြဖို့ ဂျပန်ဝန်ကြီးချုပ် Abe Shinzo က မေလ ၁၅ နေ့က ပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော် မျက်နှာစုံညီ အစည်းအဝေးမှာ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
ထိရောက်တဲ့ ကုသမှုတွေနဲ့ ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်တဲ့အထိ ရောဂါပိုတိုက်ဖျက်ရေး ရေရှည်တိုက်ပွဲအတွက် နိုင်ငံအနေနဲ့ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ် Abe က ပြောပါတယ်။
အရေးပေါ် အခြေအနေ တစ်စိတ်တစ်ပိုင်းကို ရုပ်သိမ်းခဲ့ပေမဲ့လည်း ဗိုင်းရပ်စ်ဟာ ခြိမ်းခြောက်မှုတစ်ခု အဖြစ်ရှိနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်း နဲ့ တတိယလှိုင်း တွေအတွက် ပြည်သူတွေအနေနဲ့ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ် Abe က သတိပေးထားပါတယ်။
ကူးစက်ပြန့်ပွားမှုတွေ မြင့်တက်လာခဲ့မယ်ဆိုရင် ဖြစ်ပွားတဲ့အရပ် တွေမှာ အရေးပေါ် အခြေအနေကို ပြန်ပြီး ကြေညာဖို့ လိုကောင်း လို လာလိမ့်မယ်လို့ ဝန်ကြီးချုပ် Abe က ပြောပါတယ်။
လူတစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေဖို့ အပါအဝင် နေထိုင်မှုဘဝ ပုံစံသစ်ကို လိုက်နာစောင့်ထိန်းဖို့နဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ် တစ်ခုစီ အလိုက် ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပြည်သူတွေကို Abe က ထပ်မံ တိုက်တွန်းခဲ့ပါတယ်။
ပဋိပစ္စည်းသုံးတဲ့ စမ်းသပ်မှုနဲ့ ခံတွင်းက ချွဲအရည်ကြည်ကို သုံးပြီး စစ်တဲ့ PCR စမ်းသပ်မှုအပါအဝင် နိုင်ငံရဲ့ Corona Virus စမ်းသပ်တဲ့ စနစ်ကို တိုးတက်အောင် လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ် Abe က ကတိပြု ပြောဆိုသွားပါတယ်။ ကပ်ရောဂါကို ကိုင်တွယ်ရေးအတွက် ပိုမိုကောင်းမွန်တဲ့ ပစ္စည်းကိရိယာတွေ တပ်ဆင်တာလိုမျိုး ကျန်းမာရေး ပြုစုစောင့်ရှောက်မှု စနစ်ကို သူ ပြောင်းလဲ လုပ်ဆောင်မယ်လို့လည်း ပြောဆိုသွားပါတယ်။
Source – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်