Coronavirus အသစ်တစ်မျိုးဂျပန်နိုင်ငံတွင်တွေ့ရှိ

ဒီသတင်းဟာဆိုရင် ဂျပန်နိုင်ငံတွင် Coronavirus အသစ်ကူးစက်ခံရမှုနှင့်ပက်သက်သည့်ပထမဦးဆုံးအတည်ပြုချက်ပဲဖြစ်ပါတယ်။

Source : NHK

ကူးစက်ခံရသူတရုတ်နိုင်ငံသားဟာ အသက်(၃၀)ခန့်ရှိပြီး Tokyo မြို့တောင်ပိုင်းရှိ Kanagawa ခရိုင်တွင်နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ထိုအမျိုးသားဟာ ဇန်နဝါရီလ (၃)ရက်နေ့ ၊ ဂျပန်နိုင်ငံသို့ပြန်မလာမီ (၃)ရက်အလိုတွင် နေမကောင်းစတင်ဖြစ်ပွားခဲ့ပြီး ၊ ဇန်နဝါရီလ (၆)ရက်နေ့ ဂျပန်နိုင်ငံသို့ပြန်ရောက်ချိန်တွင် ဆရာဝန်နဲ့ပြသခဲ့ရာမှ နမိုးနီးယားရောဂါလက္ခဏာရှိနေသဖြင့် ဆေးရုံတွင်(၅)ရက်ကြာဆေးကုသမှုခံယူခဲ့ရပါတယ်။ ဇန်နဝါရီလ(၁၅)ရက် ၊ ဗုဒ္ဓဟူးနေ့တွင်သက်သာပျောက်ကင်းသွားသဖြင့်ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပါတယ်။

ထိုတရုတ်အမျိုးသားမှ Coronavirus ကူးစက်ရောဂါနှင့်ပတ်သက်ဆက်နွယ်လျက်ရှိသည့် Wuhan မြို့ရှိ ပင်လယ်စာစျေးကြီး သို့ သွားရောက်ခဲ့ခြင်း မရှိကြောင်းပြောကြားခဲ့သော်လည်း ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကူးစက်ခံရသည့်သူများနှင့် ထိတွေ့ဆက်ဆံမှု ရှိခဲ့နိုင်သည်ဟုကောက်ချက်ချခဲ့ပါတယ်။

Source : 攝於1月9日(福田祥史)

Coronavirus ဟာပြီးခဲ့တဲ့လမှစ၍တရုတ်နိုင်ငံ Wuhan မြို့တွင်စတင်ဖြစ်ပွားခဲ့ရာမှ လတ်တလောအခြေအနေတွင် ကူးစက်ခံရသူ (၄၁) ဦးရှိနေပြီး ၊ အသက် (၆၁)နှစ်အရွယ်အမျိုးသားကြီးတစ်ဦးသေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်