ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

August 5, 2021 at 6:53 PM

ကြာသပတေးနေ့က ဂျပန်တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၅,၂၆၃ ဦး အတည်ပြုခဲ့ပါတယ်။

ဒါဟာ ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
တိုကျိုမှာ တစ်နေ့တာကူးစက်မှု ငါးထောင်ကျော်တာ ပထမဦးဆုံးဖြစ်ပါတယ်။
တစ်နေ့တာကူးစက်မှု စံချိန်သစ်တင်တာ ၂ ရက်ဆက်တိုက်ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့သီတင်းပတ်ကထက် ၁.၁၇၇ ဦး တိုးလာတာဖြစ်ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာချက်ထက် တစ်ဆင့်နိမ့်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတားဆီးရေးဆောင်ရွက်ချက်တွေကို ဖူကုရှီမ၊ အီဘာရာကီ၊ တိုချိဂီ၊ ဂွန်းမ၊ ရှီဇုအိုက၊ အိုင်းချိ၊ ရှီဂါနဲ့ ခူမာ့မိုတို ခရိုင်တွေမှာ တိုးချဲ့လုပ်ဆောင်ဖို့ ကြာသပတေးနေ့မှာ ဂျပန် အစိုးရ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆောင်ရွက်ချက်တွေကို လာမယ့် တနင်္ဂနွေနေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ထားရှိမှာဖြစ်ပါတယ်။
အခုလောလောဆယ်မှာ အဲဒီ တင်းကျပ်တဲ့ဆောင်ရွက်ချက်တွေ အကျုံးဝင်တာကတော့ ဟော့ကိုင်းဒိုး၊ အီရှိခါဝ၊ ဟယောဂို၊ ကျိုတိုနဲ့ ဖူကုအိုက ခရိုင်တွေဖြစ်ပါတယ်။

Tags: