ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရေး ဆောင်ရွက်ချက် အသစ်တွေကို ဩဂုတ်လမှာ ချမှတ်နိုင်ဖို့ ဂျပန်အစိုးရ မျှော်လင့်

လူလုပ်အသိဉာဏ်နဲ့ တခြားနည်းပညာတွေကို သုံးပြီး ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အခုလကုန်မှာ ရလဒ်တချို့ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်ရဲ့ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးဆိုင်ရာ တာဝန်ခံဝန်ကြီးက ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံ မူဝါဒဆိုင်ရာလေ့လာရေး ဘွဲ့လွန် တက္ကသိုလ် (National Graduate Institute for Policy Studies) က ဂုဏ်ထူးဆောင်ပါမောက္ခ Kurokawa Kiyoshi နဲ့ ကျိုတိုတက္ကသိုလ်က ပါမောက္ခ Yamanaka Shinyaတို့ ပါဝင်တဲ့ အစိုးရရဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့နဲ့ ဝန်ကြီး Nishimura Yasutoshi က ဆွေးနွေးခဲ့ပါတယ်။
အကြံပေးအဖွဲ့အနေနဲ့ ရောဂါပိုးကို တိုက်ဖျက်ရာမှာ ပိုမိုကောင်းမွန်တဲ့ မူဝါဒချမှတ်နိုင်ဖို့အတွက် လူလုပ်အသိဉာဏ်နဲ့ စွမ်းဆောင်မှုနဲ့မြန်နှုန်းမြင့် ကွန်ပျူတာတွေကို အသုံးပြုပြီး ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကို နမူနာပြုလေ့လာမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီး နီရှိမူရာက ပြောခဲ့ပါတယ်။
နယ်ပယ်ပေါင်းစုံက စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားဖို့ အစိုးရက တောင်းဆိုမှုတွေ ပြုလုပ်ဖို့မလိုအောင် ထိရောက်တဲ့ဆောင်ရွက်ချက်တွေ ချမှတ်နိုင်ဖို့အတွက် အကြံပေးအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အသိဉာဏ်တွေကို စုစည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
SOURCE – Japan Today