COVID-19 ကို တိုက်ဖျက်နိုင်ခြေရှိတဲ့ ကုသမှုအသစ် ဂျပန် ရရှိ

COVID-19 ကို တိုက်ဖျက်ဖို့ ဂျပန်နိုင်ငံက သူ့ရဲ့ကျန်းမာရေး ဝန်ထမ်းတွေကို နောက်ထပ် ကုသမှုနည်းလမ်းတစ်ခု ပေးခဲ့ပါတယ်။ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနဟာ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်တဲ့ ဆေးဝါး တစ်မျိုးကို အသုံးပြုခွင့် ပေးခြင်းအားဖြင့် ခြေလှမ်းအသစ် တစ်ခုကို စတင် လိုက်ပြီး Remdesivir လို့အမည်ရတဲ့ ဆေးကို ဂျပန်က အမြန်ဆုံးနည်းလမ်းနဲ့ ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီ ဆေးကို အရေးပေါ် အခြေအနေမှာ သုံးစွဲဖို့ အမေရိကန်က ဒီလ အစပိုင်းမှာ တရားဝင် ခွင့်ပြုလိုက်ပါတယ်။ အဲဒီ ဆေးကို အီဘိုလာ ရောဂါ ကုသဖို့ အမေရိကန် အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Gilead Sciences က တီထွင်ခဲ့ပါတယ်။
ဒါပေမဲ့ Remdesivir ဆေး ဖြန့်ဖြူးမှုကတော့ အကန့်အသတ်နဲ့ ရှိနိုင်ဖွယ် ရှိပါတယ်။ အဲဒါကြောင့် အဲဒီဆေးကို ရောဂါ လက္ခဏာ ဆိုးရွားတဲ့ လူနာတွေကို ကုသမှု ပေးနေတဲ့ ကျန်းမာရေးဌာနတွေကို အဓိက ရရှိနိုင်အောင် ဂျပန် အစိုးရက စီစဉ်နေပါတယ်။ COVID-19 ကို ကုသနိုင်ခြေရှိတဲ့ နောက်ထပ် နည်းလမ်း တစ်မျိုးကိုလည်း ဂျပန်မှာ တွေ့ရှိခဲ့ပါတယ်။
Neutralizing Antibody တစ်မျိုးကို ဖန်တီးထုတ်လုပ်နိုင်ခဲ့တယ်လို့ Kitasato University က သုတေသီတွေ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က ဆိုပါတယ်။ အဲဒီ ပဋိပစ္စည်း ပါဝင်တဲ့ ဆဲလ် အများစုမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု မရှိဘူး ဆိုတာကို စမ်းသပ်မှုတွေက ပြသနေတယ်လို့ အဲဒီ သုတေသီတွေက ဆိုပါတယ်။ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်တာ ခံရရင် ခန္ဓာကိုယ်အတွင်း ကြားနေ ပဋိပစ္စည်းကို ထုတ်လုပ်ပါတယ်။
အဲဒီ ပဋိပစ္စည်းဟာ ဗိုင်းရပ်စ်ပိုးနဲ့ ပေါင်းစပ်ပြီး ဗိုင်းရပ်စ်ပိုးကို ဆဲလ်မျက်နှာပြင်ပေါ်မှာ ရှိတဲ့ အာရုံခံပစ္စည်းတွေဆီ တွယ်ကပ်မသွားအောင် ထိန်းချုပ်ပေးပါတယ်။
“ကုသမှုနည်းလမ်းကို ပဋိပစ္စည်းဆိုင်ရာ ဆေးဝါးရဲ့ ရှုထောင့်ကနေ ကြည့်ရင် ရွေးချယ်စရာတွေ ပိုများပါတယ်။ ဒါဟာ ကုသမှုနည်းလမ်း အသစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ Kitasato တက္ကသိုလ် က ပါမောက္ခ Katayama Kazuhiko က ပြောပါတယ်။
SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်