ဂျပန် ထိပ်တန်း စုံစမ်းစစ်ဆေးရေး အရာရှိရဲ့ လောင်းကစား ပြုလုပ်မှုနဲ့ ပတ်သက်ပြီး ဂျပန် တရားရေးဝန်ကြီး တောင်းပန်

May 22, 2020 at 6:31 PM

အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတဲ့ ကာလအတွင်း လောင်းကြေးထပ်ပြီး မာဂျောင် ကစားခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဂျပန် ထိပ်တန်း စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဂျပန် တရားရေးဝန်ကြီး Mori Masako က တောင်းပန်ခဲ့ပါတယ်။ တိုကျို အထက်တန်းပြည်သူ့စုံစမ်းစစ်ဆေးရေးအရာရှိရုံးရဲ့ အကြီးအကဲ Kurokawa Hiromu ရဲ့ အပြုအမူဟာ အင်မတန်မှ လျော်ကန်မှု မရှိဘူးဆိုတာနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အင်မတန် စိတ်မကောင်းဖြစ်တယ်လို့ Mori Masako က သတင်းထောက်တွေကို သောကြာနေ့က ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရဟာ မစ္စတာ Kurokawa ရဲ့ နုတ်ထွက်မှုကို တရားဝင်ခွင့်ပြုလိုက် ပြီ ဖြစ်ပါတယ်။ တိုကျိုက သတင်းထောက်တစ်ယောက်ရဲ့ တိုက်ခန်းမှာ မေလ ၁ ရက်နေ့နဲ့ ၁၃ရက်နေ့တွေမှာ လောင်းကစား ပြုလုပ်ခဲ့တယ်လို့ ဝန်ခံပြီးတဲ့နောက် မစ္စတာ Kurokawa ဟာ ကြာသပတေးနေ့မှာ နုတ်ထွက်စာ တင်ခဲ့ပါတယ်။
ပြည်သူတွေကို ဒေါသထွက်မှုနဲ့ စိုးရိမ်မှုတွေ ဖြစ်စေခဲ့တဲ့အတွက်ကြောင့် ဆိုတာနဲ့ စုံစမ်းစစ်ဆေးရေးဆိုင်ရာစနစ်နဲ့ အုပ်ချုပ်ရေးအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ထိပါးစေခဲ့တဲ့အတွက် တရားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်နေသူအနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း Mori Masako က ပြောခဲ့ပါတယ်။
Mori Masako ဟာ အင်မတန် ကြမ်းတမ်းတဲ့ ခရီးလမ်းကိုသာ ရှေ့လျှောက် မြင်ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ ကြားမှာပဲ တာဝန်တွေကို ဆက်လက်ထမ်းဆောင်မယ်ဆိုတာနဲ့ စုံစမ်းစစ်ဆေး‌ရေးအရာရှိရုံး ပြုပြင်ပြောင်းလဲရေးအတွက် သူ့ရဲ့ ဆုံးဖြတ်ချက်ကို Mori Masako က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ SOURCE – NHK

Tags: