Nissan ကုမ္ပဏီ ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်အား ရှယ်ယာဝင်တွေကို အမှုဆောင်အရာရှိချုပ် ရှင်းလင်

July 2, 2020 at 5:38 PM

အကျပ်အတည်းထဲမှာ ရုန်းကန်နေရတဲ့ ဂျပန် ကားကုမ္ပဏီ Nissan Motor ရဲ့ အမှုဆောင်အရာရှိချုပ်က အကျိုးအမြတ်တွေ ပြန်ရရှိဖို့ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ ရှယ်ယာဝင်တွေကို ပြောခဲ့ပါတယ်။

ရှယ်ယာဝင်အစည်းအဝေးကို ယိုကိုဟားမား (Yokohama) က ကုမ္ပဏီရုံးချုပ်မှာ တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။
မတ်လမှာ ပြီးဆုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း Nissan Motor ကုမ္ပဏီက အသားတင်အရှုံး ဒေါ်လာ ၆.၂ ဘီလီယံကျော် ရှိခဲ့တယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အစုရှယ်ယာအပေါ်ကနေ ရမယ့်ငွေအတွက် ပေးချေမှုကို ဖျက်သိမ်းခဲ့ရလို့ ကုမ္ပဏီ ဥက္ကဌ လည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သူ မစ္စတာ အူချိဒ မာကိုတို (Uchida Makota) က တောင်းပန်ခဲ့ပါ တယ်။
မစ္စတာ အူချိဒ က နစ်ဆန်းရဲ့ တိုးချဲ့လုပ်ဆောင်တဲ့ မူကနေ ခွဲထွက်မယ့် သူ့ရဲ့အစီအစဉ်ကို ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးဗျူဟာမှာ ထုတ်လုပ်တဲ့ပမာဏကို ၂၀ရာခိုင်နှုန်း လျှော့ချဖို့ ပါဝင်ပါတယ်။
မစ္စတာ အူချိဒက ရှေ့ဆက်လျှောက်ရမယ့်လမ်းဟာ ချောမွေ့မှာ မဟုတ်ပေမယ့်လည်း Nissan Motor ကုမ္ပဏီကို တိုးတက်မှုရှိတဲ့ လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

SOURCE – Japan Today

Tags: