တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အများစုအတွက် အချိန်ဇယားပြောင်းလဲမှု မရှိ

June 18, 2020 at 3:52 PM

ဂျပန်ပညာရေးဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်နေ့တွင် စံသတ်မှတ်ထားသော တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ ကို စီစဉ်ထားသည့် အတိုင်း ပြုလုပ်မည်ဟု ထုတ်ပြန်ထားသော်လည်း COVID-19 ကူးစက်ရောဂါကြောင့် ကျောင်းသား များ စာမေးပွဲ ဖြေဆိုဖို့ အဆင်မပြေမှု များနှင့် ကြုံတွေ့လျက်ရှိသည်။
ဝန်ကြီးဌာန၊ အထက်တန်းကျောင်း နှင့် တက္ကသိုလ် အဖွဲ့အစည်း များက ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် စံသတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ကို ကျင်းပရန် ကော်မတီအစည်းအဝေး၌ သဘောတူညီခဲ့ကြသည်။
ကနဦး စာမေးပွဲ ဖြေဆိုပြီး တစ်ပတ်အကြာမှာ စာမေးပွဲ ပြန်လည်ဖြေဆို ခွင့် ရမဲ့ ရက်ကို သတ်မှတ်ခဲ့ပါသည်။ သို့သော် COVID-19 ကြောင့် နောက်ကျ ကျန်ခဲ့တဲ့ ကျောင်းသားတွေကို ကူညီနိုင်ဖို့ စာမေးပွဲပြန်ဖြေဆို နိုင်မဲ့ စာမေးပွဲ မတိုင်မီ ရက်သတ္တပတ် နောက်ထပ် တစ်ပတ် ထပ်တိုးပေးခဲ့ပါသည်။
အချို့စာသင်သူများက စာမေးပွဲ အချိန်ဇယားတစ်ခုလုံးကို ဆိုင်းငံ့ရန် တောင်းဆိုခဲ့သည်။ အခြား ကျောင်းများထက် စောပြီး ဖွင့်လှစ်ခဲ့သော ကျောင်းများက ကျောင်းသားများအား စာပြန်လည် လေ့လာခြင်းနှင့် စာမေးပွဲ အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ရန် အချိန်ပေးသလို ဖြစ်ခဲ့သည်ဟု သူတို့က ဆိုသည်။


ဝန်ကြီးဌာနက စံသတ်မှတ်ထားသော စာမေးပွဲ၊ ဖေဖေါ်ဝါရီလ အထိ ရပ်ဆိုင်းထားသော တစ်ဦးချင်းစီ ဖြေဆိုနိုင်သော အထွေထွေဝင်ခွင့် စာမေးပွဲနှင့် နိုဝင်ဘာလ တွင် စတင်လက်ခံမည် ထောက်ခံချက်အခြေပြုလျှောက်လွှာများမှ တဆင့် လက်ခံလာမည့် တက္ကသိုလ်များ၏ စာမေးပွဲ အချိန်ဇယားကို ပြောင်းလဲခြင်း ရှိလိမ့်မည်မဟုတ်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သို့သော် နှောင့်နှေးမှု အချို့ရှိလိမ့်မည်။
ကျောင်းသားများ၏ စွမ်းရည် စစ် စာမေးပွဲများအတွက် လျှောက်လွှာ များကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်လက်ခံရန် တက္ကသိုလ် များက ကနဦး စီစဉ်ခဲ့သည်
လက်ရှိ ပညာသင်နှစ်အတွက် အချိန်ကြာမြင့်စွာ ပိတ်ထားရသောကြောင့် အထက်တန်း ကျောင်းသားများ၏ စာနောက်ကျမှု ရှိနေသဖြင့် စာမေးပွဲ ပြန်လည် ဖြေဆိုခွင့် ကို လျှောက်ထားနိုင်သည်။ ဂျပန်နိုင်ငံတွင် ပညာသင်နှစ်ကို ဧပြီလတွင် များသောအားဖြင့် စတင်သော်လည်း COVID-19 ကူးစက်မှုများ ပျံ့နှံ့ခြင်းကို တားဆီးရန် အစိုးရ၏ တောင်းဆိုမှု ကြောင့် ကျောင်းအများစု သည် နွေဦးပေါက်ရာသီတွင် ပိတ်ခဲ့ရသည်။
Makeup exam ဟု ခေါ်သည့် စာမေးပွဲ ပြန်လည် ဖြေဆို နိုင်သော နေရာ နှစ်ခု သာ ရှိခဲ့သည်။ သို့သော် ယခု ပညာသင်နှစ်တွင် စီရင်စု ၄၇ ခုစလုံးတွင် စာမေးပွဲဖြေရန် အနည်းဆုံး နေရာတစ်ခု သာ ရှိတော့သည်။
SOURCE – The Asahi Shimbun