ဂျပန်အစိုးရက သူနာပြုများကို အိုကီနာဝါ သို့ စေလွှတ်မည်

August 17, 2020 at 6:31 PM

ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ နိုင်ငံတောင်ပိုင်းက အိုကီနာဝါခရိုင်သို့ သူနာပြုတွေကို စေလွှတ်မှာဖြစ်ပါတယ်။

ကျန်းမာရေးဒုတိယဝန်ကြီး ဟာရှိမိုတို ဂါ့ကု (Hashimoto Gaku) ဟာ အိုကီနာဝါခရိုင် အုပ်ချုပ်ရေးမှူး တာ့မာ့ကိ ဒယ်နီ(Tamaki Denny) နဲ့ အိုကီနာဝါ မှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ မစ္စတာ တာ့မာ့ကိ က နိုင်ငံရှိ လူ ၁ သိန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းဟာ အိုကီနာဝါမှာအမြင့်ဆုံးဖြစ်နေပြီ လို့ ပြောဆိုပါတယ်။
ဆေးရုံဆေးခန်းတွေမှာ အုပ်စုလိုက်ကူးစက်ခံရမှုတွေကို တွေ့ရှိရပြီး အဲဒီကဝန်ထမ်းတွေဟာ သီးခြားခွဲပြီး နေနေခဲ့ရတဲ့ အတွက် ဆေးကုသရေးစနစ်ဟာ ထိခိုက်နေရတယ်လို့ ပြောပါတယ်။
ခရိုင်တွင်းမှာ သူနာပြု အရေအတွက် ၅၀ လောက် မလုံမလောက်ဖြစ်နေရတယ်လို့ မစ္စတာ တာ့မာ့ကိ က အရိပ်အမြွက်ပြောဆိုခဲ့ပြီး အိုကီနာဝါ ကို သူနာပြုတွေ စေလွှတ်ပေးဖို့ ဒုဝန်ကြီး ဟာရှိမိုတို ကို တောင်းဆိုခဲ့ပါတယ်။
အစိုးရဟာ အုပ်ချုပ်ရေးမှူးများအဖွဲ့နဲ့ အတူတွဲကာ အိုကီနာဝါ အတွက် အကောင်းဆုံးပံ့ပိုးမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မစ္စတာ ဟာရှိမိုတို က မစ္စတာ တာ့မာ့ကိ ကို ပြောဆိုခဲ့ပါတယ်။

SOURCE – Asahi Shimbun