တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

အားကစားသမားတွေနဲ့ နည်းပြတွေအပါအဝင် အသင်းသား ၁၂ဦးအနက် ၅ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးတဲ့နောက် ဂရိနိုင်ငံက အလှပြ ရေကူးအားကစားသမားတွေဟာ အင်္ဂါနေ့က နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ပါဝင်မယှဉ်ပြိုင်ခဲ့သလို သောကြာနေ့မှာ စတင်ဖို့ စီစဉ်ထားတဲ့ အဖွဲ့လိုက် ပွဲစဉ်တွေကနေလည်း နုတ်ထွက်ခဲ့ပါတယ်။
တိုကျို ၂၀၂၀ ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ Takaya Masanori က အသင်းသားတွေအကြား အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ရကြောင်း သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ခဲ့တဲ့ ၅ဦးစလုံး ဆေးရုံတက်ဖို့ မလိုအပ်ဘူးလို့ မစ္စတာ Takaya က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ တခြား အသင်းဝင် ၇ဦးမှာတော့ ပိုးမတွေ့ရှိခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေအတွက် အဆောက်အအုံဆီကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

အိုလံပစ်ပွဲတွေနဲ့ ပတ်သက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၂၉ဦးနဲ့ စံချိန်တင်

အားကစားပြိုင်ပွဲတွေနဲ့ ပါဝင်ပတ်သက်နေသူတွေအကြား တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ်အရေအတွက်ဟာ ဗုဒ္ဓဟူးနေ့မှာ ၂၉ဦးရှိပြီး စံချိန်တင်ခဲ့ကြောင်း တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး ကော်မတီက ပြောကြားခဲ့ပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်