ကလေးပြည့်တန်ဆာမှုဖြင့် အိုဆာကာယဉ်ကျေးမှုရေးရာဌာနမှတာဝန်ရှိသူအဖမ်းခံရ

June 11, 2020 at 9:55 AM

ကလေးပြည့်တန်ဆာလုပ်ငန်းနှင့် ပါဝင်ပတ်သက်မှုှု သံသယဖြင့် အသက်၅၂နှစ်အရွယ်ရှိ Osaka ယဉ်ကျေးမှုရေးရာဌာနတာဝန်ရှိသူတစ်ဦးကို Osaka ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
အသက်၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦးအား ယန်း ၂ သောင်း ပေးပြီး Osaka ရှိ Hotel တစ်ခုတွင် လိင်ပျော်ပါးခဲ့သည့်အပြင် ဓာတ်ပုံများပါ ရိုက်ကူးခဲ့သော Takahit Hashimoto အား ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီခဲ့သည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
Hashimoto က ရဲတပ်ဖွဲ့၏ စွဲချက်တင်ခံရမှု ငြင်းဆန်ခဲ့ပြီး ဟိုတယ်တွင် အမျိုးသမီးတစ်ဦးနှင့် တွေ့ခဲ့သည်သာ မှန်ကန်ကြောင်း လိင်ပျော်ပါးခဲ့ခြင်းမျိုးမရှိကြောင်း ရှင်းချက်ထုတ်ထားခဲ့သည်။

SOURCE – Japan Today

Tags: