ကိုယ်ပိုင် စံညွှန်းသတ်မှတ် ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်စဖို့ အိုဆာကာခရိုင်စီစဉ်

May 6, 2020 at 7:02 PM

ဗဟိုအစိုးရက အရေးပေါ် အခြေအနေ သက်တမ်း တိုးချဲ့မှုတွေ ပြုလုပ်ခဲ့ အပြီး ဂျပန်နိုင်ငံ အနောက်ပိုင်း အိုစာကာ ခရိုင် အုပ်ချုပ်ရေးမှူးက ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာပဲ တားမြစ် ကန့်သတ်ချက်တွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းဖို့ ကိုယ်ပိုင်စံညွှန်းတွေကို ဆုံးဖြတ် ခဲ့တယ်လို့ ဆိုပါတယ်။

ဗဟိုအစိုးရက အရေးပေါ် အခြေအနေ သက်တမ်း တိုးချဲ့မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ဂျပန်နိုင်ငံ အနောက်ပိုင်း အိုစာကာ ခရိုင် အုပ်ချုပ်ရေးမှူးက Corona Virus ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ထုတ်ပြန်ထားတဲ့ တားမြစ်ကန့်သတ်ချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းဖို့ ကိုယ်ပိုင်စံညွှန်းတွေကို ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အိုစာကာခရိုင်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို မေလ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာခရိုင်အုပ်ချုပ်ရေးမှူး Yoshimura Hirofumi က တားမြစ် ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့အတွက် ရှင်းလင်း ပြတ်သားတဲ့ ဦးတည်ချက် တစ်ခုရှိဖို့ လိုအပ်တာကြောင့် “Osaka Model” လို့ခေါ်တဲ့ စံတစ်ခုကို ချမှတ်လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့အတွက် သတ်မှတ်ထားတဲ့ စံညွှန်းတွေနဲ့ မပြည့်မီခဲ့ရင် အခြေခံအားဖြင့် အိုစာကာခရိုင် အုပ်ချုပ်ရေးအဖွဲ့ဟာ ခရိုင်တွင်း နေထိုင်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ထွက်တာမျိုး ရှောင်ရှားဖို့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်ပြီး၊ ပွဲစီစဉ်သူတွေ၊ ဖျော်ဖြေရေးနဲ့ အားကစား အဆောက်အအုံတွေကိုတော့ မေလကုန်အထိ ဆက်ပိတ်ထားဖို့ တောင်းဆို သွားမှာ ဖြစ်ပါတယ်။

စံညွှန်း ၃ချက်ထဲက ပထမအချက်က ကူးစက်မှုလမ်းကြောင်း အသေအချာ မသိရတဲ့ ရောဂါကူးစက်မှုအသစ်က တစ်ရက်မှာ ၁၀ဦးအောက် ကျသွားရမှာ ဖြစ်ပါတယ်။
ဒုတိယအချက်က သံသယလူနာ စစ်ဆေးမှုတွေမှာ ကူးစက် ခံထားရကြောင်း အဖြေထွက်ရှိတဲ့နှုန်း ၇ ရာခိုင်နှုန်းအောက်မှာ ရှိရမှာဖြစ်ပြီး တတိယအချက်က ပြင်းထန်လက္ခဏာရှိတဲ့ လူနာတွေ ဆေးရုံတက်ရတဲ့ နှုန်းက ၆၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိနေရမှာ ဖြစ်ပါတယ်။
ဒီ စံနှုန်း သတ်မှတ်ချက်တွေအားလုံးကို ၇ရက်ဆက်တိုက် စမ်းသပ်ပြီး ပြည့်မီ မမီ စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ပြန်ဖွင့်မလားဆိုတာနဲ့ ပတ်သက်ပြီး မေလ ၁၅ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ အိုစာကာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

SOURCE- Japantimes