Corona Virus တိုက်ဖျက်ရာမှာ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေတဲ့ Panasonic ရဲ့ ပိုးသတ်စက်ရုပ်

May 9, 2020 at 5:16 PM

Corona Virus ကူးးစက်ပြန့်ပွားနေတဲ့အချိန်မှာ ဆေးရုံတွေမှာ ပိုးသတ်ဆေး အလိုအလျောက် ဖျန်းပေးနိုင်မဲ့ စက်ရုပ်အမျိုးအစား တစ်ခုကို Panasonic ကော်ပိုရေးရှင်းက တီထွင်ခဲ့ပြီး ဖြစ်ပါတယ်။
အကယ်၍ဝန်ထမ်း နည်းပါးမှု ကို ကြုံတွေ့နိုင်တဲ့ ညပိုင်းတွေ နဲ့ အားလပ်ရက် ပိတ်ရက်တွေ မှာ ဆေးကုသ ဆောင် တစ်ဆောင်မှ တစ်ဆောင် သို့ ဆေး ပို့ ပေးတဲ့ စက်ရုပ်အမျိုးအစား The Hospi-mist ကို အစားထိုး ပြီး ဆေးဖြန်း သန့်စင်ရေး လုပ်ဆောင်နိုင်အောင် ပုံစံတစ်မျိုးပြောင်း တီထွင်လိုက်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ကြိုတင်စုဆောင်းထည့်သွင်းထားတဲ့ မြေပုံ အချက်အလက်တွေကို အသုံးပြုထားတာကြောင့် စက်ရုပ်ဟာ ဆေးရုံတွင်း သွားလာရာ လမ်းကြောင်းးကို အတားအဆီး အခက်အခဲမရှိ အာရုံခံကိရိယာတွေကို အသုံးပြုပြီး ရွေ့လျား ပိုးသတ်ဆေးဖြန်းနိုင်မှာဖြစ်ပါတယ်။
Hospi-mist လို့ ခေါ်တဲ့ စက်ရုပ်အမျိုးအစားကို Panasonic ကုမ္ပဏီက ဆေးရုံတွေမှာ နေရာချထားပေးဖို့ ဆုံးဖြတ်ခဲ့တာက ဆေးရုံမှာ ရှိတဲ့ အလုပ်သမားအရေအတွက်ကို လျော့ကျစေချင်လို့ဖြစ်တယ်လို့ သိရပါတယ်။
ကူးစက်ရောဂါကြောင့် လူ လူချင်းထိတွေ့မှုကို ရှောင်ရှားဖို့ အတွက် ကျန်းမာရေးဝန်ထမ်းတွေ ရဲ့ ပုံမှန်လုပ်ငန်းများ စီမံခန့်ခွဲရာမှာ ကူညီနိုင်ဖို့အတွက် အခုလို စက်ရုပ်မျိုးတွေကို ကုမ္ပဏီတွေက အလျှင်အမြန် တီထွင်လာခဲ့ကြပါတော့တယ်။
SOURCE – Japan Today