ဂျပန် အနောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ မိုးသည်းထန်မှုကြောင့် မြေပြိုမှု အန္တရာယ် မြင့်တက်နေ

July 14, 2020 at 7:02 PM

ဂျပန် အနောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးသည်းထန်မှုကြောင့် မြေပြိုမှုနဲ့ ရေလွှမ်းမိုးမှုတွေအတွက် အန္တရာယ်တွေ မြင့်တက်နေပါတယ်။မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် Chugoku ဒေသ Shimane ခရိုင်ရှိ မြစ်တစ်စင်း စိုးရိမ်ရေအမှတ်ထက် ကျော်က ရေကြီးမှုဖြစ်ပွားခဲ့ပါတယ်။ ဂျပန်ကျွန်းစုတစ်ဝိုက်မှာ ဖြစ်တည်နေသော မိုးရွာသွန်းစေတဲ့ ရာသီအလိုက် လေဖိအားလမ်းကြောင်းဆီကို နွေးထွေးစိုထိုင်းတဲ့ လေတွေက ဦးတည် တိုက်ခတ် ဝင်ရောက်လျက်ရှိတာကြောင့် လေထုအနေအထား မတည်မငြိမ် ဖြစ်နေပါတယ်လို့ မိုးလေဝသ အေဂျင်စီက ဆိုပါတယ်။
Hiroshima ခရိုင် အပါအဝင် Chugoku ဒေသက နေရာတွေမှာ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း မိုးရေချိန် ၂၀၀ မီလီမီတာ နီးပါး ရွာသွန်းခဲ့ပါတယ်။ အဲဒီမိုးရွာသွန်းမှုကြောင့် ရှီမာနဲ ခရိုင်မှာရှိတဲ့ Go-no-kawa မြစ်ရဲ့ အောက်ပိုင်းဧရိယာမှာ ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပါတယ်။
Shimane၊ Yamaguchi နဲ့ Hiroshima ခရိုင်တွေက မြစ်တချို့ ရေလျှံမယ့် အန္တရာယ် ရှိနေပါတယ်။ Shizuoka ခရိုင်တွေမှာ မြေပြိုမှု အန္တရာယ် တိုးလာနေပါတယ်။လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ အရှေ့ဘက်ကိုဦးတည် ရွေ့လျားလာပြီး ဂျပန်ပင်လယ်သို့ ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားပြီး ဂျပန် အနောက်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ မိုးထစ်ချုန်း ရွာပြီး သည်းထန်နိုင်ပါတယ်။


ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းအထိ ၂၄ နာရီအတွင်း Tokai နဲ့ Shikoku ဒေသတွေမှာ မိုးရေချိန် ၂၀၀ မီလီမီတာ အထိ၊ Kansai ဒေသမှာ ၁၅၀ မီလီမီတာ၊ Kanto Koshin ဒေသမှာ ၁၂၀ မီလီမီတာ၊ Kyushu နဲ့ Hokuriku ဒေသတွေမှာ ၁၀၀ မီလီမီတာနဲ့ Tohoku ဒေသမှာ ၈၀ မီလီမီတာ အထိ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။ မိုးကြိုးပစ်ခြင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေသာမက မြေပြိုမှု၊ မြစ်ရေလျှံမှုနဲ့ မြေနိမ့်ပိုင်းဧရိယာတွေမှာ ရေလွှမ်းမိုးမှုတွေအတွက် မိုးလေဝသ အေဂျင်စီ အရာရှိတွေက သတိပေးနေပါတယ်။
SOURCE – Japan Today

Tags: