Biwako ရေအိုင် အောက်ခြေတွင် ရှိသော စွန့်ပစ်ပစ္စည်း ၇၀ ရာခိုင်နှုန်းမှာ ပလတ်စတစ်များဖြစ်ကြောင်း စစ်တမ်းကောက်ယူချက်အရ သိရ
Biwako ရေအိုင်အောက်ခြေတွင် အနည်ထိုင်လျက်ရှိသော စွန့်ပစ်ပစ္စည်း ၇၀ ရာခိုင်နှုန်းကျော်မှာ ပလတ်စတစ်ဆက်စပ်ပစ္စည်းများဖြစ်ပြီး ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ရေအိုင်အတွင်းရှိ ကျက်စားလျက်ရှိသော ရေချို ငါးမျိုးစိတ်များအတွက် ကြီးမားသောခြိမ်းခြောက်မှု ဖြစ်စေကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြပါရှိခဲ့သည်။
ပထမဆုံးအကြိမ် စစ်တမ်းကောက်ယူချက်အရ ၂၀၁၉ခုနှစ် ဇွန်လ အတွင်း Moriyama ရှိ Akanoi ပင်လယ်အော် ရေမျက်နှာပြင် အောက်ခြေမှ ၃၂၂ ကီလိုဂရမ်အလေးချိန်ရှိသော စွန့်ပစ်ပစ္စည်း အပျက်အဆီးများ ၂.၂၃၁ လီတာခန့် ဆယ်ယူရရှိခဲ့ကြောင်း Shiga စီရင်စု အစိုးရ မှ စစ်ဆေးတွေ့ရှိခဲ့သည်။

စုစုပေါင်းပမာဏ၏ ၇၄.၅ ရာခိုင်နှုန်း (သို့) စုစုပေါင်းအလေးချိန်၏ ၅၂.၉ ရာခိုင်နှုန်း တွင် ပလတ်စတစ် စွန့် ပစ်ပစ္စည်း ၁၇၀ ကီလိုဂရမ် ပါဝင်ကြောင်း ရလဒ်ထုတ်ပြန်ချက်အရသိရသည်။
ပလတ်စတစ် ၂၃.၈ ရာခိုင်နှုန်း သို့မဟုတ် လီတာ ၅၃၀ ခန့် ဝန်းကျင်မှာ ပလတ်စတစ်အိတ်များမှ ထွက်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ ရေအိုင်အောက်ခြေတွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ဆယ်စုနှစ်များစွာ အနည်ထိုင်စုဝေးနေကြောင်း ဆယ်ယူရရှိခဲ့သော ၁၉၉၀ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော နေ့စွဲ ပါရှိသည့် ပေါင်မုန့် ပလတ်စတစ်အိတ် တစ်လုံး က သက်သေပြနေသည်။
အနည်ထိုင်စုဝေးနေသော ပလတ်စတစ် စွန့်ပစ်ပစ္စည်း အပိုင်းအစများ ကရေအိုင်အောက်ခြေပတ်ဝန်းကျင်ကို ပြောင်းလဲ စေနိုင်ပြီး Corbicula Sandai ခုံးကောင်မျိုးစိတ်နှင့် အခြား ရေနေ သတ္တဝါ မျိုးစိတ် များ နေထိုင်ကျက်စားရန် ခက်ခဲစေကြောင်း Biwa စီရင်စု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြန်လည် ထူထောင်ရေးဌာန မှ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။
စိုက်ပျိုးရေးဆိုင်ရာသုံး ကုန်ကြမ်းပစ္စည်းများနှင့် ပလတ်စတစ် အလွှာများ ၄၀၅ လီတာ အပြင် စပါးခင်းများနှင့် လယ်ကန်သင်းရိုး များ ကန့်ရာတွင် အသုံးပြုသော ပလတ်စတစ်ပြား ၁၆၅ လီတာ ခန့် ကိုလည်း စွန့်ပစ်ပစ္စည်းများထဲတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ ၎င်း စွန့်ပစ်ပစ္စည်းများမှာ မကြာသေးမီက ဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် စိုက်ပျိုးခင်းများ မှ တဆင့် ရေအိုင်ဆီသို့ လွင့်စင်လာခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။
ပလတ်စတစ်မဟုတ် သော စွန့်ပစ်ပစ္စည်း အပျက်အစီးများထဲတွင် ဆောက်လုပ်ရေး လုပ်ငန်း ခွင်သုံး သစ်သားများနှင့် သစ်ခံများ စုစုပေါင်း၏ ၁၃.၁ ရာခိုင်နှုန်း ပါဝင်နေပြီး အထည်ကုန်ပစ္စည်း အပိုင်းအစ ၅.၂ ရာခိုင်နှုန်း ကို လည်း တွေ့ရှိခဲ့ရသည်။
ဂျပန်နိုင်ငံ ရှိ မြစ်ရှစ်ကြောင်းနှင့် ဆက်သွယ်နေသော အဆိုပါပင်လယ်အော်ကို ဒေသခံငါးလုပ်ငန်းမှ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်တည်းက စတင်ပြီး သန့်ရှင်းရေး လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
Biwako ရေအိုင်၏ တောင်ပိုင်းတွင် မိုက်ကရိုပလတ်စတစ် အပိုင်းအစ ပျမ်းမျှအားဖြင့် ကုဗမီတာလျှင် ၂.၆ ခန့် တွေ့ရှိခဲ့ကြောင်း ကျိုတိုတက္ကသိုလ်မှ သုတေသနအဖွဲ့က ၂၀၁၆ ခုနှစ် တွင် ထုတ်ပြန်ခဲ့သည်။ ဂျပန်နိုင်ငံအတွင်း ရှိ အနုမြူ စက်ရုံ ၃၁ ခု တွင် မိုက်ကရိုပလတ်စတစ် များကို ကိုးရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအတွင်း တွေ့ရှိရကြောင်းသိရသည်။
လူထူကျန်းမာရေးနှင့် ဒေသဆိုင်ရာ ဂေဟစနစ် အား မိုက်ကရိုပလတ်စတစ်၏ အကျိုးသက်ရောက်မှု ကို ရှင်းရှင်းလင်းလင်း မသိရှိသေးပေ။
SOURCE – The Asahi Shibun