Kyoto Animation Studio ကို မီးရှို့ခဲ့တဲ့ သံသယရှိသူအား ဖမ်းဆီး

ဂျပန်နိုင်ငံအနောက်ပိုင်း Kyoto က ရဲတွေဟာ ပြီးခဲ့တဲ့နှစ်က ကျိုတို အန်နီမေးရှင်း စတူဒီယိုကို မီးရှို့ပြီး လူတွေကိုသေစေခဲ့တဲ့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားပါတယ်။ အဲဒီသံသယရှိသူက သူ့ကို စွဲထားတဲ့ စွပ်စွဲချက်တွေဟာ မှန်ကန်ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
သံသယရှိသူ Aoba Shinji ဆိုသူကို ကျိုတိုမြို့က ဆေးရုံတစ်ရုံမှာ မေလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၂ နှစ်အရွယ် Aoba Shinji ဟာ ဆေးရုံမှာ သူ့ခန္ဓာကိုယ်က မီးလောင်ဒဏ်ရာတွေကို ကုသမှု ခံယူနေရပါတယ်။
သူဟာ ဇူလိုင်လ ၁၈ ရက်နေ့မှာ Kyoto Animation Studioကို ဓာတ်ဆီနဲ့ မီးရှို့ခဲ့သူလို့ သံသယရှိထားသူ ဖြစ်ပါတယ်။ အဲဒီမီးလောင်မှုကြောင့် ၃၆ ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူအားလုံးဟာ အဲဒီစတူဒီယိုက ဝန်ထမ်းတွေ ဖြစ်ပါတယ်။
မေလ ၂၇ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲ အရာရှိတွေက အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။ သံသယရှိသူဟာ ဓာတ်ဆီကို သုံးရင် လူတွေ အများကြီးကို သတ်နိုင်တယ်လို့ တွေးခဲ့ကြောင်း ပြောခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။
Aoba Shinji ဟာ တဖြည်းဖြည်းနဲ့ နာလန်ပြန်ထူလာပေမယ့် သူ့ဘာသာ စားသောက်တာ၊ လမ်းလျှောက်တာမျိုးတော့ မလုပ်နိုင်သေးဘူးလို့ ရဲအရာရှိတွေက ပြောပါတယ်။
Aoba Shinji ကို ဆေးကုသနေရတဲ့ အချိန်က ထင်ထားတာထက် ကြာ နေခဲ့တဲ့အတွက်ကြောင့် ဖမ်းဆီးဖို့ကို ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ အဲဒီ ရဲ အရာရှိတွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွား လာတဲ့အတွက် လည်း သူ့ကို ဖမ်းဆီးဖို့ ပိုပြီး နှောင့်နှေးခဲ့ရတယ်လို့ သူတို့က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
သူ့ကို မဖမ်းခင် မိမိဆန္ဒ အလျောက်ဖြေကြားဖို့ မေးမြန်း ခဲ့ချိန်တုန်းက သူရေးထားတဲ့ ဇာတ်လမ်းတွေကို အဲဒီကုမ္ပဏီက ခိုးယူခဲ့တာကြောင့် စတူဒီယိုကို မီးရှို့ခဲ့တာလို့ က အခိုင်အမာ ထွက်ဆိုခဲ့ပါတယ်။
SOURCE – Japan Today