အခက်အခဲ ရှိနေတဲ့ ရေဒီယိုသတ္တိကြွဒြပ်ပါရေ စွန့်ပစ်ရေးနည်းလမ်း ၃ သွယ်

October 19, 2020 at 6:34 PM

ထိခိုက်ပျက်စီးသွားတဲ့ ဖူကူရှိမာ့ အမှတ် ၁ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှာ သိုလှောင်ထားတဲ့ ရေဒီယိုသတ္တိကြွဒြပ်တွေပါဝင်တဲ့ရေတွေကို စွန့်ပစ်ဖို့ ဂျပန်စက်မှုဝန်ကြီးဌာန က အဆိုပြု ခဲ့တဲ့ နည်းလမ်း ၃ သွယ်မှာ နည်းပညာပိုင်းအရ အခက်အခဲတွေရှိနေခဲ့ပါတယ်။ စွန့်ပစ်ရေတွေထဲမှာ ၂၀၁၁ ခုနှစ် မတ်လမှာ ဓာတ်ပေါင်းဖို အရည်ပျော်ခဲ့ပြီးတဲ့နောက် နျူကလီးယားလောင်စာတွေကို အအေးခံဖို့အတွက် သုံးခဲ့တဲ့ရေတွေ၊ ဓာတ်ပေါင်းဖိုအောက်မှာရှိတဲ့ မြေကြီးထဲစီးဝင်ခဲ့တဲ့ မိုးရေတွေလည်း ပါဝင်ပါတယ်။ ဒီ ‌ရေတွေထဲမှာပါတဲ့ ရေဒီယိုသတ္တိကြွဒြပ်တွေကို ဖယ်ရှားခဲ့ပေမဲ့ tritium လိုမျိုး တချို့ဒြပ်ပေါင်းတွေကတော့ ကျန်နေဆဲပါပဲ။ အဆိုပြုထားတဲ့စွန့်ပစ်နည်းလမ်း ၃ ခုထဲမှာ အင်္ဂတေနဲ့ ရောစပ်ပြီး ရေတွေကို အစိုင်အခဲဖြစ်အောင်လုပ်ဖို့ပါဝင်ပါတယ်။ ဝန်ကြီးဌာနအရာရှိတွေက ဒီနည်းလမ်းဟာ စုစုပေါင်းပမာဏကို ပိုများစေမှာဖြစ်ပြီး သိုလှောင်ဖို့နေရာအလုံအလောက်ရဖို့ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။


ဒုတိယ နည်းလမ်း ကတော့ ဓာတ်ပေါင်းဖိုက စွန့်ထုတ်လိုက်တဲ့ ရေ တွေကို ဝေးလံခေါင်ဖျားတဲ့ အရပ်မှာရှိတဲ့ ကျွန်းများနဲ့ အခြားနေရာတွေ ဆီကို သင်္ဘောနဲ့ သယ်ဆောင် စွန့်ပစ်သွားဖို့ဖြစ်ပေမဲ့ ကြီးမားလှတဲ့ သိုလှောင်စရာအဆောက်အအုံတွေကို ပြင်ဆင်ထားရှိဖို့ အချိန်ယူရလိမ့်မယ်လို့ ဝန်ကြီးဌာနအရာရှိတွေက ဆိုပါတယ်။ တတိယနည်းလမ်းကတော့ ‌ရေမြောင်းတွေကို သုံးပြီး သိုလှောင် စွန့်ပစ်ဖို့အတွက် ချိတ်ဆက်သွားဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနအရာရှိတွေက ဒီနည်းလမ်းမှာလည်း စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အရ ပြဿနာတွေရှိတယ်လို့ ပြောပါတယ်။ စက်မှုဝန်ကြီးဌာနကတော့ ရေဒီယို သတ္တိကြွ အဆိပ်သင့်နေတဲ့ ရေတွေကို ပင်လယ်ပြင်တွင်း စွန့်ပစ်တာဟာ လက်တွေ့ကျတဲ့နည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။

SOURCE – Nippon

Tags: