ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေး အစီအမံအသစ်တွေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ ဂျပန်ဝန်ကြီးချုပ် ကတိပြု

ဂျပန်ဝန်ကြီးချုပ် Abe က နောက်တစ်ခေါက် အရေးပေါ်အခြေအနေ ကြေညာရမယ့် အနေအထားကို ရှောင်ရှားနိုင်ဖို့ အတွက် သက်ကြီးရွယ်အိုတွေ နဲ့ ရောဂါ ခုခံနိုင်စွမ်းနည်းတဲ့ သူတွေကို ရောဂါပိုး ကူးစက်မှုမခံရအောင် ကာကွယ်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေကို အောက်မေ့သတိရတဲ့အနေနဲ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။
ရောဂါပိုး ကူးစက်မှုအသစ်အရေအတွက် များပြားလာနေပေမယ့် ရောဂါပိုးကူးစက်ခံရတဲ့ လူနာအများစုဟာ ဆေးရုံတင်ရတာမျိုးမရှိဘဲ ရောဂါ လက္ခဏာ ပြင်းထန်တာမျိုးလည်း မများနေဘူးလို့ သူက ပြောခဲ့ပါတယ်။
လူနာတွေအတွက် လုံလောက်တဲ့ ဆေးရုံခုတင် အရေအတွက်လည်း ရှိနေပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒီကပ်ရောဂါဟာ ၂၀၀၈ ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့ငွေကြေး အကျပ်အတည်းထက် ဂျပန့် စီးပွားရေးအပေါ် ဂယက်ရိုက်မှု ပိုကြီးမယ်လို့ မျှော်လင့်ရကြောင်း သူက ပြောခဲ့ပါတယ်။
အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့အတွက် ဦးတည်တဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံလောက် သုံးစွဲမယ့် အစီအမံကို သောကြာနေ့က အစိုးရအဖွဲ့က အတည်ပြုပြီး ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။
ထပ်ဆောင်း ထောက်ပံ့မှုတွေကို ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကို လိုအပ်သလို ပေးဖို့ စဉ်းစားသွားမှာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့အတူနေရတဲ့ ကမ္ဘာတစ်ခုမှာ ဘေးကင်းပြီး စိတ်ချရတဲ့ နည်းလမ်းအသစ်တွေနဲ့ ခရီးသွားဖို့ ရည်ရွယ်ချက်နဲ့ “Go To Travel” ခရီးသွားမြှင့်တင်ရေး အစီအစဉ်ကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ အာဘဲက ပြောခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ ဟိုတယ်တွေ တည်းခိုခန်းတွေရဲ့ ကုန်ကျစရိတ်ကို အစိုးရက ကူညီ ကျခံမှာ ဖြစ်ပါတယ်။
SOURCE – Japan Times

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်