ဂျပန်နိုင်ငံထုတ်လုပ်သူဈေးနှုန်း ဇွန်လတွင် မြင့်တက်ခဲ့

July 11, 2020 at 8:50 AM

ဂျပန်နိုင်ငံမှာ ဇွန်လတုန်းက ၅ လ အတွင်း ပထမဦးဆုံးအဖြစ် ထုတ်လုပ်သူဈေးနှုန်း (prducer price) မြင့်တက်ခဲ့ပါတယ်။

ဇွန်လရဲ့ ထုတ်လုပ်သူဈေးနှုန်း အညွှန်းကိန်းဟာ မေလကထက် ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဂျပန် ဗဟိုဘဏ် ဖြစ်တဲ့ Bank of Japan (BOJ) က သောကြာနေ့မှာ ပြောခဲ့ပါတယ်။ ဒီအညွှန်းကိန်းကို ပြီးခဲ့တဲ့နှစ်က ဝယ်ယူစားသုံးခွန် တိုးမြှင့်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို ဖယ်ရှားပြီး ၂၀၁၅ ခုနှစ်ကို ၁၀၀ အဖြစ် အခြေခံတွက်ချက်တဲ့အခါ ဇွန်လမှာ ၉၈.၁ မှတ် ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရေနံနဲ့ သတ္တုတွေ ကမ္ဘာတစ်ဝန်း ဝယ်လိုအား ကျဆင်းခဲ့ရပေမဲ့ နိုင်ငံတချို့မှာ စီးပွားရေးလှုပ်ရှားမှုတွေကို ပြန်လည် စတင်ခဲ့ကြပြီးနောက် ဈေးနှုန်းတွေ စတက်လာခဲ့ပါတယ်။
ဇွန်လရဲ့ အညွှန်းကိန်းဟာ မနှစ်က အလားတူ ကာလထက် ၃.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထုတ်လုပ်သူဈေးနှုန်းဟာ နိမ့်ကျတဲ့ အဆင့်မှာ ရှိနေသေးတာကို ပြသနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်တားမြစ်မှုတွေကြောင့် ခရီးသွားလာမှုနဲ့ အိမ်ပြင်ထွက် စားသောက်မှုတွေမှာ လူတွေက ငွေကြေးသုံးစွဲမှု လျှော့ချလာနေကြတဲ့အတွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေရဲ့ ထုတ်လုပ်သူဈေးနှုန်း ကျဆင်းခဲ့တယ်လို့ BOJ က ဆိုပါတယ်။

SOURCE – NHK