ဂျပန်နိုင်ငံရဲ့ စီးပွားရေး ရှေ့ဆက် ပိုမိုထိခိုက်လာနိုင်ဟု ခန့်မှန်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဂျပန်ရဲ့ စီးပွားရေးအပေါ် ထိခိုက်မှု ကြီးကြီး မားမား ဆက်ဖြစ်ပွားနေပြီး ဇန်နဝါရီလကနေ မတ်လအထိ သုံးလပတ်ကာလအတွက် GDP ပြည်တွင်း ထုတ်ကုန်တန်ဖိုးလည်း ကျဆင်းခဲ့ပါတယ်။

ဒီ သုံးလပတ် ကာလအတွက် GDP ဟာ လွန်ခဲ့တဲ့ သုံးလပတ်ကာလနဲ့ နှိုင်းယှဉ်ကြည့်ရင် ပကတိတန်ဖိုးဟာ ၁ နှစ်စာ ပျမ်းမျှရဲ့ ၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အစိုးရအဖွဲ့ရုံးက ပြောပါတယ်။ ဒါဟာ သုံးလပတ် ကာလအတွက် GDP ၂ ကြိမ်ဆက်တိုက် ကျဆင်းခဲ့တာဖြစ်ပါတယ်။
ဂျပန် GDP ရဲ့ တစ်ဝက်ကျော် ပမာဏအထိ ရှိတဲ့ တစ်ဦးချင်းသုံးစွဲမှု ပမာဏ ဟာလည်း ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ လူတွေဟာ အပြင်မှာ စားသောက်တာနဲ့ အလည်အပတ် သွားရောက် တာမျိုးတွေကို ထိန်းချုပ် နေခဲ့ကြပါတယ်။ အဲဒီလိုပဲ မော်တော်ကား အရောင်းဟာလည်း သိသိသာသာ ကျဆင်းခဲ့ပါတယ်။
ကမ္ဘာနဲ့အဝှမ်းမှာ စီးပွားရေး ထိုင်းမှိုင်းနေတာကြောင့်ပြည်ပပို့ကုန် ကဏ္ဍမှာလည်း ၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့ ပါတယ် ။ အိမ်ရာ ဝယ်ယူ ရင်းနှီးမြှုပ်နှံမှုမှာ လည်း ၄.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုဟာ လည်း ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ဧပြီလကနေ ဇွန်လအထိ သုံးလပတ် ကာလမှာလည်း ကပ်ရောဂါ ကြောင့် စီးပွားရေး အကြီးအကျယ် ထိခိုက်မှာဖြစ်တယ်လို့ စီးပွားရေး အကဲဖြတ်တွေက တွက်ဆနေပါတယ်။

ဂျပန်နိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး GDP ဟာ လေးပုံ နှစ်ပုံ ဆက်တိုက် ကျဆင်းသွားခဲ့တယ်လို့ ကြေညာခဲ့ပြီးနောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဂယက်ရိုက်မှုကြောင့် နိုင်ငံရဲ့ စီးပွားရေး အခြေအနေ ပိုမို ဆိုးရွား လာနိုင်တယ်လို့ ဂျပန် စီးပွားရေးပြန်လည်အားကောင်းလာစေရေး ဆိုင်ရာ ဝန်ကြီး Nishimura Yasutoshi က ခန့်မှန်း ပြောကြား လိုက်ပါတယ်။

တနင်္လာနေ့မှာ မစ္စတာ နီရှိမူရာ့က သတင်းထောက်တွေကို အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းခြင်းကြောင့် စီးပွားရေး‌တွေ လုပ်ကိုင် လှုပ်ရှား ရတာမှာ အကန့်အသတ် ရှိတဲ့အတွက် ဂယက်ရိုက်မှု ကြီးမားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း ဧပြီလနဲ့ မေလ ရဲ့ ကိန်းဂဏန်း တွေဟာ ကျဆင်းနိုင်ခြေ ရှိတယ်လို့ မစ္စတာ နီရှိမူရာ့က ပြောပါတယ်။ တခြားနိုင်ငံတွေလည်း ဒီကူးစက် ရောဂါဒဏ်ကို ဆက်ပြီး ခံစားနေကြရတာကြောင့် စီးပွားရေးက ရှေ့ဆက်ပြီး ထိုးကျ လာနိုင်ဖွယ် ရှိတယ်လို့ ယူဆရကြောင်းလည်း သူက ပြောပါတယ်။
အခုနှစ်အတွက် ဒုတိယအကြိမ် ထပ်ဆောင်း ဘတ်ဂျက် ထဲမှာလည်း အရန်စီမံချက်တွေကို စီစဉ်ထားတယ်လို့ မစ္စတာ နီရှိမူရာ့က ပြောပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အလုပ် အကိုင်တွေနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝတွေကို အကာအကွယ်ပေးမယ့် မူဘောင်တစ်ရပ် ဖန်တီးချင်တဲ့အပြင် ဂျပန်နိုင်ငံရဲ့ စီးပွားရေးမှာ ဘာပဲဖြစ်ဖြစ် ကယ်တင် ချင်တယ် လို့လည်း ဆိုပါတယ်။
ပြည်သူတွေရော စီးပွားရေးလုပ်ငန်းတွေပါ အရမ်းစိုးရိမ်နေကြတဲ့ အသံတွေကို ကြားနေရတဲ့ အတွက်ကြောင့် ဆောင်ရွက်ချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ အလေးပေး လုပ်ဆောင်သင့်တယ်လို့ မစ္စတာ နီရှိမူရာ့က ပြောပါတယ်။

SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်