လွန်ခဲ့တဲ့ ၇၅ နှစ်က အိုကီနာဝါတိုက်ပွဲကို ပြန်ပြောင်းသတိရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါခရိုင်က ပြည်သူတွေဟာ ဒုတိကမ္ဘာစစ်အတွင်း အပြင်းထန်ဆုံးနဲ့ အသေအပျောက် အများဆုံးတိုက်ပွဲတွေထဲက တစ်ခုကို ပြန်ပြောင်းကြည့်ရှု ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၇၅ နှစ်က ဒီနေ့မှာ အိုကီနာဝါကျွန်းပေါ်မှာ ဂျပန်စစ်တပ်နဲ့ အမေရိကန်စစ်တပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက စစ်ပွဲကို အဆုံးသတ်သွားစေခဲ့ပါတယ်။

အင်္ဂါနေ့က အီတိုမန်း (Itoman)မြို့က ငြိမ်းချမ်းရေး အထိမ်းအမှတ်ပန်းခြံမှာ နှစ်ပတ်လည်အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေရာဟာ အိုကီနာဝါတိုက်ပွဲမှာ အကြီးမားဆုံး ရင်ဆိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးနေရာ ဖြစ်ပါတယ်။
အဲဒီနှစ်ပတ်လည်အခမ်းအနားကို ထောင်နဲ့ချီတဲ့လူတွေ တက်ရောက်လေ့ရှိပေမဲ့လည်း ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကို စိုးရိမ်မှုတွေကြောင့် လူ ၂၀၀ လောက်ပဲ ပါဝင်တက်ရောက်ခဲ့ကြ ပါတယ်။
အိုကီနာဝါတိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်ရဲ့ အပြီးသတ်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ အခုအခါ မရှိတော့ပြီဖြစ်တဲ့ ဂျပန့်ဘုရင့်တပ်မတော်တို့အကြား တိုက်ခိုက်မှုတွေမှာ စစ်သားနဲ့အရပ်သားပြည်သူ ၂ သိန်းကျော် သေဆုံးခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ အိုကီနာဝါမှာရှိတဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံ ဖြစ်ပါတယ်။
အိုကီနာဝါခရိုင်အုပ်ချုပ်ရေးမှူး တာ့မာ့ကိ ဒယ်နီ (Tamaki Denny) ဟာ ငြိမ်းချမ်းရေးကြေညာချက်ကို ဖတ်ကြား ခဲ့ပါတယ်။ မစ္စတာ တာ့မာ့ကိ က “အင်မတန်ဆိုးဝါးလှတဲ့စစ်ပွဲ ရဲ့ မှတ်တမ်းမှတ်ရာတွေကို ထိန်းသိမ်းထားနိုင်ရေးမျှော်လင့်ချက် တွေဟာ တဖြည်းဖြည်းပျောက်ကွယ်လာနေတယ်ဆိုတာနဲ့ အလားတူအမှားမျိုး ဘယ်တော့မှထပ်မဖြစ်ရေးအတွက် အိုကီနာဝါနှလုံးသားလို့ ခေါ်တဲ့ ချီမုဂုခုရု (Chimugukuru) ဟာ ကမ္ဘာကြီးနဲ့အတူရှိနေတယ်ဆိုတာ ကျနော်တို့ ပြသလိုပါတယ်၊ အိုကီနာဝါနှလုံးသားဟာ အိုကီနာဝါတိုက်ပွဲကနေ သင်ခန်းစာ ယူခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် မျှော်မှန်းတောင့်တမှုကို မှန်မှန်ကန်ကန် ပြသနေတယ်” လို့ ပြောသွားပါတယ်။
ခရိုင်တွင်းရှိ အမေရိကန်မရင်းတပ်ဖွဲ့စစ်စခန်းတစ်ခုကို ပြောင်းရွှေ့နေရာချထားရေး ဂျပန်အစိုးရရဲ့ အစီအစဉ်ကိုလည်း သူက ရှင်းရှင်လင်းလင်းထုတ်ပြလိုက်ပြီး အိုကီနာဝါရဲ့ ကြွယ်ဝလှတဲ့ သဘာဝပတ်ဝန်းကျင်ကို နောက်မျိုးဆက်အတွက် ချန်ထားရစ်ရေးဟာ အရေးကြီးတယ်ဆိုတာကိုလည်းမစ္စတာ တာ့မာ့ကိ က အလေးပေးပြောဆိုသွားပါတယ်။
အဲဒီလိုပြောင်းရွှေ့နေရာချထားရေးကိစ္စဟာ အိုကီနာဝါခရိုင် နဲ့ ဂျပန်အစိုးရတို့အကြား အဖုအထစ်တွေ ဖြစ်နေပါတယ်။ ဂျပန်အစိုးရက စစ်စခန်းအတွက်နေရာသစ်မှာ မြေဖို့ရေး လုပ်ငန်းကို အင်နဲ့အားနဲ့ ရှေ့ဆက်လုပ်ဆောင်နေပါတယ်။

SOURCE – JAPAN TODAY

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်