ငွေကြေးလုပ်ငန်းဆိုင်ရာကုမ္ပဏီတွေ အွန်လိုင်းနဲ့ပဲ လုပ်ငန်းလည်ပတ်ဖို့ အားပေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ဂျပန်ကုမ္ပဏီတွေဟာ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ ကွန်ပြူတာ ပေါ်မှာ နဲ့ အွန်လိုင်းကိုပဲ အသုံးပြု လာနေကြပါတယ်။

အဲဒီလို လုပ်ငန်း လုပ်ဆောင်မှုတွေဟာ ဘဏ်လုပ်ငန်းတွေအထိပါ ပျံ့နှံ့လာပါပြီ။ စာရွက်စာတမ်းတွေမှာ ကိုယ်ပိုင်တံဆိပ်တုံး နှိပ်စေတဲ့ အစဉ်အလာကြောင့် ဘဏ်တွေဟာ ကွန်ပျူတာပေါ်မှာပဲ အလုပ်လုပ်တဲ့ နည်းလမ်းကို ဆောင်ရွက်တဲ့နေရာမှာ နောက်ကျ နေခဲ့ပါတယ်။
အခုလ အစောပိုင်းမှာ ဘဏ်လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ ရီဆိုနာ (Resona) ဘဏ်ရဲ့ ဘဏ်ခွဲတချို့က ဘဏ်အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို အတည်ပြုနိုင်ဖို့အတွက် သူတို့ရဲ့ ဘဏ်ကဒ်ကို ဖတ်နိုင်တဲ့ တပ်ဘလက် ကွန်ပျူတာတွေကို အသုံးပြုခဲ့ပါတယ်။
အဲဒီလို တပ်ဘလက် ကွန်ပျူတာတွေဟာ လူတစ်ဦးချင်းရဲ့ ပင်စင် အပ်ငွေအစီအစဉ်တွေနဲ့ စာရင်းသေ အပ်ငွေ အစီအစဉ်တွေ လျှောက်ထားဖို့ အပါအဝင် ဘဏ်စာရင်းအမျိုးမျိုးလျှောက်ထားဖို့ အတွက် ဆောင်ရွက်ရာမှာ အသုံးပြုနိုင်တယ်လို့ အဲဒီ ဘဏ်က ပြောပါတယ်။
တစ်ဦးချင်းရဲ့ တံဆိပ်တုံးတွေကို စစ်ဆေးတဲ့အချိန်နဲ့ စာရွက်စာတမ်းတွေ ဖြည့်ရတဲ့ အလုပ်ပမာဏကို လျှော့ချနိုင်ခြင်းအားဖြင့် ဘဏ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မှာဖြစ်ပြီး ဘဏ်ခွဲတွေရဲ့ လုပ်ငန်း အရွယ်အစားကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့ အဲဒီ ဘဏ်က ပြောပါတယ်။
အာမခံကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ ဆွန်ပို ဂျပန် (Sompo Japan) က လည်း သူရဲ့ ကုမ္ပဏီတွင်း လုပ်ငန်းစဉ် ဆောင်ရွက်ပုံ တွေကို ပြန်လည် သုံးသပ် မှုတွေ ကြီးကြီးမားမားလုပ်ခဲ့ပါတယ်။
ငွေပေးချေမှု လုပ်ငန်းနဲ့ ဝန်ထမ်းခန့်အပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်းစဉ် စုစုပေါင်း ၁၆၀ လောက်ကို အွန်လိုင်းကနေပဲ ဆောင်ရွက်ဖို့ အဲဒီ ကုမ္ပဏီက ခွင့်ပြုပေးခဲ့ပါတယ်။

SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်