Royal Express ရထား ပထမဦးဆုံး ဟော့ကိုင်းဒိုးခရီးစဉ်

ဇိမ်ခံခရီးစဉ်ရထားဖြစ်တဲ့ Royal Express ရထားဟာ ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုးအလည်အပတ် ပထမဦးဆုံးခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
Hokkaido Railway ကုမ္ပဏီ နဲ့ Tokyu ကော်ပိုရေးရှင်းတို့ပူးတွဲ လုပ်ကိုင်တဲ့ Royal Express ရထားဟာ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း ဟော့ကိုင်းဒိုးမှာ ခရီးစဉ် ၃ ကြိမ်ထွက်မှာဖြစ်ပါတယ်။
အဲဒီရထားရဲ့ ပထမဦးဆုံးခရီးစဉ်အထိမ်းအမှတ်ပွဲကို သောကြာနေ့က JR Sapporo ဘူတာမှာ ပြုလုပ်ခဲ့ပါတယ်။
ဟော့ကိုင်းဒိုးအုပ်ချုပ်ရေးမှူး Suzuki Naomichi နဲ့ တခြားအရာရှိတွေဟာ ခရီးစဉ်ရဲ့ ပထမဦးဆုံး ဘူတာ ဖြစ်တဲ့ Ikeda ဘူတာကို မထွက်ခွာမီ ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီရထားဟာ Kushiro မြို့ ကို ဖြတ်ပြီး Shiretoko ကျွန်းဆွယ် နဲ့ Asahikawa မြို့ကို သွားတဲ့ ၃ ညအိပ် ၄ ရက်ခရီးစဉ်ဖြစ်ပါတယ်။
အဲဒီခရီးအတွက် ကုန်ကျစရိတ်ဟာ ဂျပန်ယန်းအားဖြင့် ၆၇၀၀၀၀ ကနေ ၈၅၀၀၀၀ လောက်၊ အမေရိကန်ဒေါ်လာအားဖြင့် အနည်းဆုံး ၆၃၀၀ လောက်ကုန်ကျပါတယ်။ ခရီးစဉ်တွင်းမှာ ဒေသထွက်အစားအစာတွေ နဲ့ချက်ပြုတ်ထားတဲ့ အထူးစားဖွယ်ရာတွေနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။
SOURCE – Tokyo Today