ကြီးမားသောအတိုင်းအတာတစ်ခုအထိ ဂျပန်နိုင်ငံ Sakurajima မီးတောင် ပေါက်ကွဲနိုင်တယ်လို့ မိုးလေဝသအေဂျင်စီ ထုတ်ပြန်

July 11, 2020 at 10:15 AM

ဂ်ပန်နိုင်ငံရဲ့ အနောက်တောင်ဘက်ရှိ Sakurajima မီးတောင်မှာ ကြီးမားသော အတိုင်းအတာတစ်ခု အထိ ပေါက်ကွဲလိမ့်မယ်လို့ လက်ရှိ လေ့လာတွေ့ရှိချက်များအရ သိရကြောင်း မိုးလေဝသ အေဂျင်စီ တစ်ခုက ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အေဂျင်စီအဖွဲ့က Sakurajima မီးတောင်ကို အဆင့် ၃ အဖြစ် သတ်မှတ်ပြီး သတိထားစောင့်ကြည့်လျက်ရှိပြီး မီးတောင်ဝ အနီး ဝန်းကျင်တွင် သွားလာမှု မပြုလုပ်ရန် အသိပေးထုတ်ပြန်ခဲ့သည်။
ဒေသခံမိုးလေဝသလေ့လာရေးအဖွဲ့က မီးတောင်ပေါက်ကွဲသည့်အချိန်၌ ချောရည်စီးဆင်းမှု အနည်းအကျဉ်း ရှိနိုင်ကြောင်း အသိပေးခဲ့သည်။

Sakurajima တွင် Kushoshima ပင်လယ်အော်ရှိ တောင်ထူထပ်သော ကျွန်းတစ်ကျွန်းဖြစ်ပြီး Kyushu ၏အဓိကကျွန်းဖြင့် တစ်ဖက်တွင် ဆက်သွယ်ထားသည်။ မီးတောင် လှုပ်ရှားမှုကိုတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် တွေ့ရှိခဲ့ကြောင်း အေဂျင်စီက ပြောသည်။

မီးတောင် ပေါက်ကွဲမည့်အချိန် အသေးစိတ်ကို အေဂျင်စီက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

SOURCE – Kyodo News

Tags: