ဂျပန်နိုင်ငံရဲ့ ဒေသအချို့မှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်

May 7, 2020 at 5:29 PM

Corona Virus ပြန့်ပွားမှုကို ဟန့်တားဖို့ ပိတ်ထားတဲ့ စာသင်ကျောင်းတွေကို ဂျပန်နိုင်ငံရဲ့ အချို့ဒေသတွေ မှာ မေလ ၇ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကလေးတွေ အစိုးရက ထုတ်ပြန်ထားတဲ့ Social Distancing အတိုင်း မနေထိုင်နိုင်မှာနဲ့ ကူးစက်မှု နှုန်းပိုပြီး များလာမှာကို မိဘတွေ က စိုးရိမ်လျက်ရှိပါတယ်။
တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကို နောက်ထပ် တစ်လ တိုးချဲ့ ထုတ်ပြန်ထားတဲ့ အချိန်မှာ Aomori နဲ့ Tottori စီရင်စု နှစ်ခု က ပထမဆုံး ကျောင်းတွေ ကို ပြန်ဖွင့်ခဲ့တယ်လို့သိရပါတယ်။
ဧပြီလ ၂၇ ရက်နေ့မှာ ပိတ်ခဲ့တဲ့ Tottori စီရင်စု က မူလတန်းကျောင်း ကို အခု ပြန်ဖွင့်တဲ့အချိန်မှာ ကျောင်းသား ၁၄၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ Aomori စီရင်စု မှာ တော့ အထက်တန်းကျောင်းသားတွေ က မျက်နှာစွပ်များ ဝတ်ဆင်ပြီး ကျောင်းတက်ရောက်လာခဲ့တာကို တွေ့မြင်ရတယ်လို့ သိရပါတယ်။
SOURCE – Japan Today