COVID-19 ရောဂါကူးစက်မှု ကြောင့် နိုင်ငံအနှံ့ရှိ ဆိုင်ခွဲများကို ပိတ်လိုက်ရတဲ့ McDonald’s

၂၀၂၀ ခုနှစ် ရဲ့ နှစ်ဝက် အချိန်ကာလအတွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေမှုကတော့ နိုင်ငံ တစ်ချို့မှာ အားကောင်းနေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ခန့်က တိုကျိုမြို့ရဲ့ နေ့စဉ် ရောဂါကူးစက်မှုနှုန်းက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ဧပြီလ နောက်ဆုံးအထိ ကူးစက်မှုနှုန်းကို ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
တိုကျို မြို့တစ်မြို့ တည်း မဟုတ်ပဲ Chiba နဲ့ Saitama တို့လို စီရင်စုတွေမှာလည်း ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မတ်လ မှာ ကျိုတိုရှိ McDonald’s ဆိုင်ဝန်ထမ်း တစ်ဦး ဆီမှာ COVID-19 ရောဂါ ကူးစက်ခံထားရတာကို တွေ့ရှိပြီးနောက် နှစ်လ အကြာမှာ McDonald’s ကုမ္ပဏီက ဂျပန်နိုင်ငံက ဆိုင် အရေအတွက် သုံးပုံနှစ်ပုံခန့် ကို ဆိုင်မှာ စားသောက်နိုင်တဲ့ စနစ်ကို ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက် ဂျပန်နိုင်ငံအနှံ့ ရောဂါ ပျံ့နှံ့မှုနှုန်း ဘယ်လောက်အထိ ကျယ်ပြန့်နေလဲ ဆိုတာကို McDonald’s ဆိုင်ဝန်ထမ်းတွေ ရောဂါကူးစက်ခံရမှုနှုန်းကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့- Osaka ရှိ Settsu-Tonda ဘူတာ McDonald’sဆိုင် အချိန်ပိုင်းဝန်ထမ်းတစ်ဦး ရောဂါကူးစက်ခံရမှုကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့ – Tokyo ရှိ Omori ဘူတာ McDonald’s ဆိုင်ဝန်ထမ်းတစ်ဦး ရောဂါကူးစက်ခံရပြီးနောက် အဆိုပါ နေရာကို ပိတ်ပစ်ခဲ့ရပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ – Kashihara Aeon Mall ရှိ McDonald’s ဆိုင်၏ အချိန်ပိုင်းဝန်ထမ်းတစ်ဦး ရောဂါကူးစက်ခံခဲ့ရပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့- Tokyo နှင့် Kawasaki တို့ရှိ McDonald’s ဆိုင်များ၏ အချိန်ပိုင်းဝန်ထမ်းနှစ်ဦး Covid-19 ရောဂါကူးစက်ခံခဲ့ရပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့မှာ ဂျပန်နိုင်ငံရှိ McDonald’s ဆိုင်များမှ ဝန်ထမ်း သုံးဦး ရောဂါကူးစက်ခံခဲ့ရပြီး ဇူလိုင်လ ၁၇ ရက်နေ့မှာ McDonald’s အချိန်ပိုင်းဝန်ထမ်းတစ်ဦး ရောဂါ ကူးစက်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်